DVB Logo
Home
Lead Story
ဆွေးနွေးပွဲအောင်မြင်မည်ဟု သမ္မတကို အသိပေးထားကြောင်း ဦးအောင်မင်းဆို (ဓာတ်ပုံ)
DVB
·
March 21, 2015
ဆွေးနွေးပွဲအောင်မြင်မည်ဟု သမ္မတကို အသိပေးထားကြောင်း ဦးအောင်မင်းဆို (ဓာတ်ပုံ)
1 / 3
Donate to DVB

၇ ကြိမ်မြောက်အဖြစ် ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အောင်မြင်မှုရမယ်လို့ သမ္မတကို အသိပေးထားကြောင်း ၅ ရက်မြောက်နေ့ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်ပါတယ်။

လမ်းပြမြေပုံ လွှတ်တော်မှာ ဒီနေ့ တင်သွင်းဖို့ အတည်ပြုချက်ရယူခြင်းကိစ္စကို  ဆက်ပြီး ဆွေးနွေးဖို့ရှိပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) နဲ့ တပြည်လုံး အပစ်ခတ်ရပ်ရေးညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လေးရက်မြောက်နေ့ဖြစ်တဲ့ မနေ့က  တနိုင်ငံလုံး အပစ်ခတ်ရပ်စာချုပ်ဖွဲ့စည်းပုံ အပေါ် သဘော တူချက်ရရှိခဲ့ပါတယ်။

ဖွဲ့စည်းပုံသဘောတူချက်ရပြီးတဲ့နောက် အကောင်အထည်ဖော်ဖို့အတွက်  အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား နှစ်ဘက် ပူးတွဲပုံမှန်အစည်းအဝေး လုပ်ဆောင်သွား ဖို့ဆုံးဖြတ်ခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူ ဒေါ်စောမြရာဇာလင်းက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် မူဘောင်ကရရှိလာတဲ့ အပေါ်မှာ အခြေခံပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရေး၊ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းရေးကိစ္စရပ်တွေ ထည့်သွင်းဖို့ ဆွေးနွေးခဲ့ တယ်လို့ သူကဆက်ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရအကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် မတ်လ ၁၇ ရက်နေ့ကတည်းက ရန်ကုန်မှာ တွေ့ဆုံ ဆွေးနွေးနေတာဖြစ်ပါတယ်။

၃ ရက်အတွင်းမှာ အချက်ငယ်ပေါင်း (၁၅)ခုကို သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပီးအရင် တခေါက်ဆွေးနွေးပွဲက ကျန်ရှိ နေတဲ့  အဓိက အကြောင်းအရာ (၈) ခုချက်အနက် (၄) ခုကို  အခုတခေါက်မှာ သဘောတူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဓာတ်ပုံ - မျိုးဇော်လင်း

[gallery ids="86533,86534,86535"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013