DVB Logo
Home
မြန်မာသတင်း
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းဆွေးနွေးရန်သဘောတူ
DVB
·
March 20, 2015
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းဆွေးနွေးရန်သဘောတူ
Donate to DVB

သပိတ်မှောက် ကျောင်းသားတွေ ရိုက်နှက်ဖမ်းဆီးထောင်ကျခံပြီး တောင်းဆိုခဲ့တဲ့ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေဖို့  အဆိုအောင်မြင်သွားပါတယ်။

မတ်လ ၂၀ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက အဆိုတင်သွင်းခဲ့တာဖြစ်ပြီး ဒီအဆိုကို  လက်ခံ သင့်၊ မသင့် အဆုံးအဖြတ်ရယူရာမှာ လွှတ်တော်ကိုယ်စားလှယ် အများစုက ထောက်ခံတဲ့ အတွက် အဆို အောင်သွားခဲ့တာပါ။

ဒီအဆိုကို ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်  ဦးနုက လက်ခံစဉ်းစားသင့်ကြောင်း ထောက်ခံဆွေးနွေးပြီး  သင်္ကန်းကျွန်း အမျိုးသားလွှတ်တော် အမတ် ဦးဘုန်းမြင့်အောင်က ကန့်ကွက်ခဲ့တယ်လို့ အန်အယ်လ်ဒီအမတ် ဦးအောင်ကြည်ညွန့်က  ဒီဗွီဘီကို ပြောပါတယ်။

“ကန့်ကွက်တယ်ဆိုရင် မဲခွဲမယ်ဆိုပြီး ထိုင်ထနဲ့ပဲမဲခွဲတယ်။ မဲခွဲတော့ ၁၄၂ ယောက်က ထောက်ခံတယ်။ အစည်းအဝေးတက်ရောက်သူစာရင်းက ၁၄၆ ယောက်ရှိတယ်။ အများစုက လက်ခံဆွေးနွေးဖို့ ထောက်ခံလိုက်တယ်။ အဆိုအောင်သွားတယ်။”

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌဦးခင်မောင်ရီနဲ့ ဒေါက်တာ မြတ်ဉာဏစိုးတို့က ဥပဒေကြမ်းကော်မတီရဲ့သုံးသပ်ချက်အစီရင်ခံစာကို ဖတ်ကြား တင်သွင်းသွားပြီး နိုင်ငံတော်ရဲ့ အနာဂတ်ပညာရေး အဆင့်မြင့်မားရေးအတွက် အမျိုးသားပညာရေးအမြင်ဖြင့် ရှုမြင်သုံးသပ်ပြီး ပညာရေးဝန်ကြီးတင်သွင်းတဲ့ ဥပဒေမူကြမ်းကို လက်ခံစဉ်းစားဖို့ တိုက်တွန်းသွားပါတယ်။

ဒီအစီရင်ခံစာမှာ အခမဲ့ မသင်မနေရ မူလတန်းပညာရေးကို အကောင် အထည်ဖော်ဆောင်ရွက်ပြီး အဆင့်ဆင့်တိုးချဲ့ဆောင်ရွက်သွားရန်နှင့် နိုင်ငံ၏ ပညာရေး အသုံး စရိတ်ကို  ၅ နှစ်အတွင်း တစ်နိုင်ငံလုံး အသုံးစရိတ်ရဲ့ ၂၀ ရာခိုင်နှုန်းအထိ တိုးမြင့်သုံးစွဲ သွားနိုင်ရန် ရည်မှန်းဆောင်ရွက်ရမည်ဟု   ပညာရေးဥပဒေကို အစားထိုးပြင်ဆင်ဖို့ပါရှိပါတယ်။

ဥပဒေပြင်ဆင်ဖို့ တင်ပြထားတဲ့ ပြဌားချက်ပေါင်း ၈၁ ချက်ရှိသည့်အနက်  တိုက်ရိုက်လက်ခံသင့် သည့် ပြဋ္ဌာန်းချက်  ၃၈ ချက်၊ မူရင်းဥပဒေကို အနှစ်သာရ မပျက်စေပဲ ဥပဒေရေးထုံးနဲ့အညီ စကားရပ် ပြုပြင်ရေးသားသင့်တာ ၂၄ ချက်နဲ့  ဖွဲ့စည်းပုံ၊ တည်ဆဲဥပဒေတွေနဲ့ မညီတဲ့အပြင် လိုအပ်ခြင်းလည်းမရှိ ထပ်ခါထပ်ခါပါနေတဲ့ အချက်က ၁၉ ချက်ရှိတယ်လို့ လည်းဆိုပါတယ်။

ဒီအစီရင်ခံစာအပေါ်မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့  ဥပဒေကြမ်းပါ ပြဌာန်းချက်တွေကို လက်ခံ၊ မလက်ခံ ဆွေးနွေးကြရမှာလည်း ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လာမယ့် မတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးမည့်သူတွေ စာရေးပေးသွင်းကြဖို့ ဖိတ်ခေါ်ထားပါတယ်။

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အမျိုးသား လွှတ်တော်မှာ  မတ်လ ၅ ရက်နေ့ကနေ ၁၇ ရက်  အထိ နိုင်ငံရေးပါတီတွေ၊ ကျောင်းသားတွေနဲ့ ပညာရေးကွန်ရက်အပါအငင် အစုအဖွဲ့လိုက် လာရောက် ကြားနာခဲ့ပြီးနောက် ခု အမျိုးသား လွှတ်တော်မှာ  စတင်ဆွေးနွေးဖို့ လုပ်ဆောင်ခဲ့တာပါ။

ဒီဥပဒေကို ပြင်ဆင်ဖို့ စတင်သပိတ်မှောက် တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီပညာရေး ပင်မ သပိတ်စစ်ကြောင်းက ကျောင်းသားတွေကတော့ သာယာဝတီထောင်မှာ ဖမ်းဆီးခံထားရပြီး ရှေ့သီတင်းပတ်မှာ တရားရင်ဆိုင်ရဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013