DVB Logo
Home
မြန်မာသတင်း
စစ်တပ်က အရေးပါသည့် နေရာတွင် ဆက်ရှိမည်ဟု သမ္မတ ပြောကြား
DVB
·
March 20, 2015
စစ်တပ်က အရေးပါသည့် နေရာတွင် ဆက်ရှိမည်ဟု သမ္မတ ပြောကြား
Donate to DVB

မြန်မာ့စစ်တပ်က ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ အဓိက အရေးပါတဲ့နေရာက  ဆက်ရှိနေမယ်လို့  သမ္မတ ဦးသိန်းစိန်က  နေပြည်တော်မှာ ဘီဘီစီ  World Serviceနဲ့ ပြုလုပ်တဲ့ ၄၅ မိနစ်ကြာ ရုပ်သံ အင်တာဗျူးမှာ ပြောပါတယ်။

စစ်တပ်က ပြုပြင်ပြောင်းလဲရေးကို အစပျိုးလုပ်ဆောင်ခဲ့တာဖြစ်တဲ့အကြောင်း၊ စစ်တပ်ကြောင့် ပြုပြင်ပြောင်းလဲရေးတွေ ရပ်တန့်သွားတာဟာ မမှန်သလို စစ်တပ်က နိုင်ငံရေး ပါတီတွေနဲ့ ပတ်သတ်မှုမရှိဘဲ နိုင်ငံအကျိုးစီးပွားကိုသာ စိုးရိမ်ပူပန်တယ်လို့လည်း သမ္မတက ပြောတယ်လို့ ဘီဘီစီသတင်းမှာဖော်ပြပါတယ်။

စစ်တပ်က တာဝန် ၂ ရပ်ရှိပြီး စစ်ပွဲဖြစ်ရင် စစ်တိုက်ဖို့နဲ့ စစ်ပွဲမရှိရင် လူထုအကျိုး သယ်ပိုးဖို့ ဖြစ်ပြီး လူထုအကျိုးသယ်ပိုးတာဟာ နိုင်ငံရေးမှာ ပါဝင်တာ ဖြစ်တယ်လို့ သမ္မတက ပြောတယ်လို့ ဆိုပါတယ်။

တိုင်းပြည်မှာ ဒီမိုကရေစီ ထွန်းကားဖို့ စစ်တပ်က တိုင်းပြည်ကို ကူညီနေသလို စစ်တပ်ရဲ့ အခန်းကဏ္ဍဟာလည်း နိုင်ငံရေးပါတီတွေက ရင့်ကျက်လာတာနဲ့ အမျှပြောင်းလဲလာတယ်လို့ သမ္မတကပြောပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ဖို့ ၀န်မလေးပေမယ့် ဒါဟာ လွှတ်တော်အပေါ် မူတည်နေပြီး လိုအပ်ပါက ပြည်သူ့ဆန္ဒခံယူရမယ်လို့ ဆိုပါတယ်။

ပြုပြင်ပြောင်းလဲဖို့အတွက် သူကဖိအားပေးမှာ မဟုတ်သလို ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး တားမြစ်ချက်တွေဟာ သူ့ဖခင်ဗိုလ်ချုပ်ဟောင်းဆန်း တစိတ်တပိုင်း ပါဝင် ရေးဆွဲခဲ့တဲ့ ၁၉၄၇ အခြေခံ ဥပဒေမှာပါရှိနေတယ်လို့ ဆိုပါတယ်။

ကိုးကန့်ပဋိပက္ခဟာလည်း ပြည်တွင်းရေး ဖြစ်တဲ့ အတွက် ကိုယ့်ဘာသာကိုယ် ဖြေရှင်းမှာ ဖြစ်သလို တရုတ်က ဖြေရှင်းပေးမှာ မဟုတ်တဲ့အကြောင်းနဲ့ တရုတ်မှာ တခြားနိုင်ငံရေးကို ၀င်မစွက်တဲ့ မူဝါဒရှိသလို မြန်မာကို တိုက်ခိုက်တဲ့ အဖွဲ့တွေကို သူတို့ နယ်မြေမှာ လက်ခံမှာ မဟုတ်တဲ့အကြောင်း ပြောခဲ့တယ်လို့ လည်း သမ္မတဦးသိန်းစိန်က ပြောကြားသွားပါတယ်။

(ကိုးကား၊ ဘီဘီစီ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013