DVB Logo
Home
မြန်မာသတင်း
အရွယ်မရောက်သေးသည့် လက်ပံတန်းက လူငယ်ကိုပြန်လွှတ်ရန် မိဘတောင်းပန်
DVB
·
March 20, 2015
အရွယ်မရောက်သေးသည့် လက်ပံတန်းက လူငယ်ကိုပြန်လွှတ်ရန် မိဘတောင်းပန်
Donate to DVB

သာယာဝတီအကျဉ်းထောင်ကပြန်လွှတ်ပေးလိုက်ပေမယ့် လက်ပံတန်းရဲက ဆက်လက် ထိမ်းသိမ်းထားတဲ့ အရွယ်မရောက်သေးသည့် လူငယ်တဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အုပ်ထိမ်းသူက မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမှာ သပိတ်မှောက်ကျောင်းသားတွေ ဖမ်းဆီးရိုက်နှက်ခံရချိန်မှာ သပိတ်နဲ့ပတ်သက်မှုမရှိတဲ့ လက်ပံတန်းဒေသခံ အသက် ၁၅ နှစ်အရွယ် ကိုချစ်ခေါ် မောင်ထွန်းထွန်းနိုင် ဖမ်းဆီးခံခဲ့ရတာပါ။

မိခင်ဖြစ်သူက ဒေါ်စန်းစန်းအေးက “သူ့ကို စိုက်ပျိုးရေးရှေ့မှာ ဖမ်းသွားတာ။  သာယာဝတီထောင်မှာ တညအိပ်ပြီးတော့ လက်ပံတန်းကိုလာပို့တာ ၁၁ ရက်နေ့က။  ခုသားလေးက လက်ပံတန်းစခန်းမှာပါ။ ခုထမင်းတွေ ဘာတွေသွားပို့တော့ ကလေးနဲ့ အတွေ့မခံဘူး၊ ဒီကလေးက အသက်မပြည့်လို့ အမှုတွေဘာတွေ တရားစွဲလို့ မရဘူးပြောတယ်။ အိမ်ပြန်လွှတ်ပေးဖို့ ဥက္ကဋ္ဌက အာမခံတာတောင် ပြန်လွှတ်မပေးဘူး”လို့ ပြောပါတယ်။

အလားတူ ဒေါ်စန်းစန်းအေးရဲ့တူတွေဖြစ်ကြတဲ့  ကိုစိုးဝင်းအောင်နဲ့ ကိုအောင်စန်းတို့ လည်း မတ်လ ၁၀ ရက်နေ့မှာ အလုပ်ကနေ စက်ဘီးနဲ့ အိမ်အပြန်လမ်းမှာ ရဲလုံခြုံရေးတွေရဲ့ ရိုက်နှက် ဖမ်းဆီးခံရပြီး လက်ရှိ သာယာဝတီထောင်မှာ ထိန်းသိမ်းခံနေရတယ်လို့ လည်းပြောပါတယ်။

လက်ပံတန်းရဲစခန်း တာဝန်ကျရဲဝန်ထမ်းတဦးကတော့  ဒေါ်စန်းစန်းအေးရဲ့ သားဖြစ်သူ ကိုချစ်ကို စခန်းမှူး ဒုရဲမှူး စန်းမြင့်ရဲ့ နေအိမ်မှာ  ထိန်းသိမ်းထားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

‘“စခန်းမှူးက ထိန်းသိမ်းထားပါတယ်။  စခန်းမှူး အုပ်ထိန်းမှုအောက်မှာပေါ့၊  မလွှတ်သေးပါဘူး။ အသက်မပြည့်သေးလို့သာ မိဘအုပ်ထိန်းမှုအောက်ကို ပြန်ထည့်မပေး တာပါ” လို့ပြောပါတယ်။

ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်းခဲ့စဉ်မှာ ကျောင်းသားတွေနဲ့ သပိတ်ဝန်းရံပေးသူတွေ သာမက လက်ပံတန်း ဒေသခံတွေ လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။

နေအိမ်မှာဝင်ရောက်ဖမ်းဆီးခံခဲ့ရတဲ့ လက်ပံတန်းဒေသခံ ကိုအောင်သူရဲ့ မိခင် ဒေါ်အေးသောင်းက “သူက သူ့ရဲ့နှစ်မအိမ်ကိုသွားတာ။  အဲဒီနေ့ကျကာမှ အဲလို ကြီးကြီးမားမားနဲ့သွားတိုးသွားတာ။ တိုးတော့ သူကလည်း ကြောက်သွားပြီး သူ့ရဲ့ နှမအိမ်မှာဝင်ပြီးပုန်းတာပေါ့၊ အဲဒီအချိန်မှာ အနားမှာရှိတဲ့အိမ်တွေ အကုန်လုံးကို တံခါးပိတ်ခိုင်းထားတယ်၊ ရဲတွေကပေါ့နော်၊ တော်ကြာကျတော့ အကုန်လုံး တံခါးတွေ အတင်းဖွင့်ခိုင်းတယ်၊ ကလေးတွေက ကြောက်ပြီးတော့ ဖွင့်ပေးတော့ ကျမသားကို တွေ့သွားတာပေါ့။  အဲဒီမှာတင် ဖမ်းခေါ်သွားတာ အခုတော့ သာယာဝတီ အကျဉ်းစခန်းထဲမှာပေါ့။ အဒေါ်ပြောချင်တာက အခုလို အခက်အခဲဖြစ်တဲ့အချိန် သတင်းတွေကြည့်လိုက်တဲ့အခါမှာ သတင်းမီဒီယာတွေက သတင်းမီဒီယာတွေအတွက်ပဲ အရေးတယူ ဆွဲထုတ်သွားကြတယ်။  ကျောင်းသားကလည်း ကျောင်းသားဘက်ကဘဲ ဆွဲထုတ်သွားကြတယ်။ အဒေါ်တို့ အရပ်သားတွေဘက်က ဘယ်သူမှ ကယ်မယ့်သူမရှိဘူး”လို့ပြောပါတယ်။

ပဲခူးတိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး ဝင်းစိန်ကတော့ အမှုနဲ့ မပတ်သက်သူတွေ စိစစ်ပြီးပြန်လွှတ်ပေးမယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

“တချို့လည်း လမ်းဘေးမှာရပ်ကြည့်ရင်းနဲ့ အဖမ်းခံရတဲ့ အထဲပါသွားတာရှိတယ်။ ဘုန်းကြီးကျောင်းတွေ ဘာတွေပေါ်မှာ ပစ္စည်းလေးဘာလေးတွေ သောက်စရာလေးတွေ လာလှူတာတို့ အဲလိုလူမျိုးတွေရှိတယ်။ နောက် သားသမီးတွေ လိုက်ခေါ်တဲ့ မိဘတွေရှိတယ်။ စသဖြင့် အမှုနဲ့ မပတ်သက်တဲ့လူတွေ စိစစ်ပြီးရင် ကျနော်တို့ အထက်ကို တင်ပြပြီးတော့ လွှတ်သင့်တဲ့သူကို လွှတ်ဦးမယ်။ ၀န်းရံတဲ့လူတွေထဲက နှစ်ပိုင်းကွဲသွားလိမ့်မယ်။ အာမခံ ပေးနိုင်တဲ့ အပိုင်းနဲ့ အာမခံ မပေးနိုင်တဲ့အပိုင်း၊ ပေးနိုင်တဲ့အပိုင်း ကျနော့် အာမခံနဲ့ လွတ်လာ နိုင်တယ်ပေါ့၊ အာမခံမပေးနိုင်တဲ့ အပိုင်းကျတော့ သူတို့လည်း နည်းနည်းပါးပါးတော့ ကျန်လိမ့် မယ်ထင်တယ်”လို့ပြောပါတယ်။

လက်ပံတန်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့သူ ၁၂၇ ဦးရှိတယ်လို့ အစိုးရက ထုတ်ပြန်ထားပြီး  ကျောင်းသား ၂၇ ဦးနဲ့ သတင်းထောက် ၂ ဦးကို ပြန်လွှတ်ပေး ခဲ့ပြီးဖြစ်တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013