DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံထားရသည့်ကျောင်းသားများကို ထောင်ဝင်စာတွေ့ခွင့်ရပြီ
DVB
·
March 20, 2015
ဖမ်းဆီးခံထားရသည့်ကျောင်းသားများကို ထောင်ဝင်စာတွေ့ခွင့်ရပြီ
Donate to DVB

သာယာဝတီထောင်မှာ အဖမ်းခံထားရတဲ့ကျောင်းသားတွေကို ဒီနေ့ကစပြီး မိဘတွေနဲ့ ထောင်ဝင်စာတွေ့ခွင့်ပေးနေပြီလို့ သာယာဝတီ အန်အယ်လ်ဒီပါတီဝင် ကိုကျော်နိုင်ဦးက ပြောပါတယ်။

တနင်္ဂနွေနေ့ကလွဲပြီး ကျန်တဲ့နေ့တွေမှာ တပတ်တခါ ထောင်ဝင်စာတွေ့ခွင့်ပေးမယ်လို့ ထောင်အာဏာပိုင်တွေက ပြောတယ်လို့ ဆိုပါတယ်။

ထောင်ဝင်စာလာတွေ့မယ့်သူတွေဟာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းယူလာကြဖို့ လိုအပ်ပြီး အဲ့ဒီနှစ်ခု ပါမလာလို့ တွေ့ခွင့်မရတဲ့ မိဘတွေ သာယာဝတီထောင်မှာ တွေ့ခဲ့ရတယ်လို့လည်း ကိုကျော်နိုင်ဦးက ပြောပါတယ်။

ကျောင်းသားခါင်းဆောင်တွေဖြစ်ကြတဲ့ မင်းသွေးသစ်နဲ့ မဖြိုးဖြိုးအောင်တို့ မိဘတွေ ဒီနေ့ညနေပိုင်း ထောင်ဝင်စာလာတွေ့ဖို့ ရှိတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

မတ်လ ၁၀ ရက် လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲမှုအတွင်း ဖမ်းထားတဲ့ ရာနဲ့ချီတဲ့ကျောင်းသားနဲ့ ၀န်းရံသူတွေ သာယာဝတီထောင်ထဲမှာ ချုပ်နှောင်ထားတာ ဖြစ်ပြီး သူတို့ကို ပုဒ်မ အနည်းဆုံး ၅ ခုလောက်နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013