
စပိန်နိုင်ငံ၊ ကနေရီကျွန်းစုရှိ လာဂိုမဲရာကျွန်းမှာ ဗြိတိန်ကမ္ဘာလှည့်ခရီးသည်တွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကား တစီး ချောက်ထဲပြုတ်ကျသွားလို့ အနည်းဆုံး လူတယောက်သေဆုံးပြီး ၂၇ ယောက် ဒဏ်ရာရသွားတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ဧပြီ ၁၀ ရက်မှာ ပြောပါတယ်။
ဒဏ်ရာရတဲ့သူတွေထဲမှာ ၃ ယောက်ကတော့ အခြေအနေ စိုးရိမ်ရပါတယ်။ သူတို့အားလုံးကို ဆေးရုံကို ပို့ဆောင်ကုသပေးခဲ့တယ်လို့ ဒေသခံ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့က ပြောပါတယ်။
အဲဒီဘတ်စ်ကားပေါ်မှာ ဗြိတိန်နိုင်ငံသား ၂၇ ယောက်နဲ့ ယာဉ်မောင်းတို့ ပါလာတယ်လို့လည်း ဆိုပါတယ်။
ဘတ်စ်ကားဟာ GM-2 လမ်းမပေါ်ကနေ လမ်းချော်ပြီး ချောက်ထဲကို ထိုးကျသွားတာကြောင့် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
Source: Reuters










