DVB Logo
Home
မြန်မာသတင်း
၆ ပွင့်ဆိုင်ဆွေးနွေးပွဲအတွက် တိုင်းရင်းသားကိုယ်စားလှယ်အသင့်ဖြစ်ပြီ
DVB
·
March 20, 2015
၆ ပွင့်ဆိုင်ဆွေးနွေးပွဲအတွက် တိုင်းရင်းသားကိုယ်စားလှယ်အသင့်ဖြစ်ပြီ
Donate to DVB

ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲမှာ တင်မယ့် တိုင်းရင်းသားကိုယ်စားလှယ်တွေရဲ့ စာတမ်းကိုအသင့်ပြင်ထားပြီးဖြစ်တယ်လို့ တိုင်းရင်းသားကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

“တိုင်းရင်းသားပါတီများကို ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက်တွေ ရပြီးပါပြီ။ စာတမ်းလေးလည်း ပြုစုထားပြီးပါပြီ။ တစ်က ခေတ်ကာလနဲ့ လျော်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ် ပေါ်ထွန်းဖို့၊ နောက်တခုက ပစ္စုပ္ပန်နဲ့ အနာဂတ်အစိုးရ နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ ဒီနှစ်ခုပေါ်မူတည်ပြီးတော့ စာတမ်းပြုစုပါတယ်။ ကျနော်တို့ဘက်က မပြုမပြင်ဘဲ ဒီတိုင်းထားလိုတဲ့ ပုဒ်မတွေလည်း ရှိပါတယ်။ ပြုပြင်ဖို့ လိုလားတဲ့ ပုဒ်မတွေလည်း ရှိပါတယ်၊ အလျှော့အတင်း လုပ်စေလိုတဲ့ ပုဒ်မတွေလည်း ရှိပါတယ်။”

တိုင်းရင်းသားကိုယ်စားလှယ်တို့ရဲ့ စာတမ်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆နဲ့ ၅၉(စ)တို့ပြင်ဖို့ကို အထွေထွေသဟဇာ တဖြစ်ရေးနဲ့ အပေးအယူကဏ္ဍမှာ ထည့်သွင်းထား တယ်လို့လည်း ပြောပါတယ်။

သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တို့ရဲ့ ၆ပွင့်ဆိုင်ဆွေးနွေးပွဲကို မတ်လ ၂၀ ရက်နေ့မှာ လုပ်ဖြစ်ဖို့ အကြောင်းမရှိတော့ဘဲ နောက်တပတ်ထဲမှာမှ ဖြစ်နိုင်ဖွယ်ရှိတဲ့အကြောင်း၊ ဒီအတွက် သမ္မတဘက်က ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ဖိတ်ကြားရမယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို ဆောလျင်စွာပြုလုပ်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ အရေးကြီးအဆိုကို မနှစ် နိုဝင်ဘာ ၂၅ ရက်နေ့က ပြည်ထောင်စုလွှတ်တ်ာက ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာပါ။

အရေးကြီးအဆိုမှာ  “ခေတ် စနစ်၊ အချိန်အခါ၊ အခြေအနေနှင့် ညီညွတ် သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာ ရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ် မြန်မာနိုင်ငံတည် ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ဆောလျင်စွာ တွေ့ဆုံညှိနှိုင်းရေး ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်း” လို့ပါရှိပါတယ်။

ဒါပေမယ့် ပြည်ထောင်စုလွှတ်တော်က ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် သမ္မတက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းမရှိပဲ နိုင်ငံရေး အင်အားစု ၅ စုက ကိုယ်စားလှယ်တွေပါဝင်တဲ့ ၁၄ ပွင့်ဆိုင်ဆွေးနွေးပွဲကို တကြိမ်၊ ၄၈ ပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးပွဲကို တကြိမ် နှစ်ကြိမ်ကျင်းပခဲ့ပါတယ်။

 

တခါ ပြီးခဲ့တဲ့အပတ်ထဲမှာပဲ  ၆ ပွင့်ဆိုင်ဆွေးနွေးပွဲလုပ်မယ်ဆိုတဲ့သတင်းတွေ နေပြည်တော်လွှတ်တော်ရပ်ဝန်းက ပြန်လည်ထွက်ပေါ်ခဲ့တာ ဖြစ်ပြီး ဒေါက်တာအေးမောင်အပါဝင် ဆွေးနွေးဖက်တွေကိုလည်း ခရီးမထွက်ဖို့ ညွန်ကြားထယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013