DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးစကားလုံးကို အစိုးရဘက်က လက်ခံပြီ
DVB
·
March 19, 2015
တော်လှန်ရေးစကားလုံးကို အစိုးရဘက်က လက်ခံပြီ
Donate to DVB

ရန်ကုန်မှာကျင်းပနေတဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ဆိုင်ရာ ဆွေးနွေးပွဲ တတိယနေ့မှာ တော်လှန်ရေး စကားလုံးအပါအ၀င် ယခင်က တစ်ဆို့နေတဲ့ ဝေါဟာရ စကားလုံးတချို့ကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ နှစ်ဘက်ညှိနှိုင်း သဘောတူနိုင်ခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ တနိုင်ငံလုံး အပစ်ရပ်စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ၇ ကြိမ်မြောက်အဖြစ် ဆွေးနွေးနေကြတာဖြစ်ပါတယ်။

မတ်လ ၁၉ ရက်နေ့ဆွေးနွေးပွဲမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း ဆိုတဲ့အသုံး အနှုန်းကို သုံးဖို့ အစိုးရဘက်က လက်ခံလိုက်တယ်လို့ အန်စီစီတီအဖွဲ့ဝင် ဒေါ်စောမြရာဇာလင်းက ဒီဗွီဘီကို ပြောပါတယ်။

“အရင်ကဆိုရင် အခန်းတစ်နှစ်သုံးတွေမှာ တစ်ဆို့နေတဲ့စကားလုံးတွေရှိတယ်။ ဥပမာ တိုင်းရင်းသားဘက်က တော်လှန်ရေးဆိုတဲ့ စကားလုံးကို သုံးချင်တယ်။ အခုအဲဒီစကားလုံးတွေ အားလုံးအဆင်ပြေသွားပြီ။ အခန်း ၄ မှာဆိုရင်လည်း တည်ဆောက်ပုံက စာလုံးတစ်လုံးပြောင်း သွားတာနဲ့ အားလုံးအဆင်ပြေသွားမယ့် လက္ခဏာရှိတယ်။ ဒါကြောင့် အရင်ကနဲ့စာလိုက်ရင် ကျမတို့ဆွေးနွေးပွဲက တော်တော့ကို အခြေအနေကောင်းတယ်လို့ ပြောလို့ ရပါတယ်။”

ဆက်လက်ပြီး လမ်းပြမြေပုံလို့ခေါ်တဲ့ အခန်း ၅  ကို မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013