DVB Logo
Home
မြန်မာသတင်း
မျိုးစောင့်ဥပဒေကြမ်း ၂ ခု ပြည်သူ့လွှတ်တော် သဘောတူ
DVB
·
March 19, 2015
မျိုးစောင့်ဥပဒေကြမ်း ၂ ခု ပြည်သူ့လွှတ်တော် သဘောတူ
Donate to DVB

မျိုးစောင့်ဥပဒေ ၄ ခုထဲက မြန်မာဗုဒ္ဓဘာသာမိန်းများအထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း  နဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ ကြမ်း ၂ ခုကို  မတ်လ ၁၉ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေမူကြမ်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တဦးနဲ့ ခရစ်ယာန်ဘာသာဝင် ချင်းတိုင်းရင်းသား အမတ်တချို့တို့က အဓိက ကန့်ကွက်ခဲ့ကြပေမယ့် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူ များတဲ့ အတွက် အတည်ပြုလိုက်တာလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကပြောပါတယ်။

မြန်မာဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေအရ ထိမ်းမြားခဲ့တဲ့ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ယောကျာင်္းတွေအနေနဲ့  ဗုဒ္ဓဘာသာဝင်မိန်းမကို လွတ်လပ်စွာကိုးကွယ်ခွင့်ပြုခြင်း၊ သားသမီးတွေကိုလည်း သူတို့ရဲ့ ဆန္ဒအရ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုခြင်း၊ ဗုဒ္ဓရုပ်ပွားတော်တွေ ကိုးကွယ်ခွင့်ပြုခြင်း၊ ဘာသာရေးအရ အလှူပြုလုပ်ခြင်း၊ ပုတီးစိတ်၊ တရားထိုင်၊ ဥပုသ်စောင့်ခြင်း၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမကို နည်းအမျိုးမျိုးနဲ့ ဗုဒ္ဓဘာသာကိုးကွယ်မှု ကို စွန့်စွတ်စေခြင်း၊ တခြားဘာသာကို ကူးပြောင်းစေခြင်းမပြုရ စတဲ့အချက်တွေကိုကို ကျုးလွန်ရင် ထောင်ဒဏ် နဲ့ ငွေဒဏ်တို့ကို ချမှတ်နိုင်တယ်လို့ ပါရှိတာဖြစ်ပါတယ်။

လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းမှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကလေးမွေးဖွားနှုန်းမြင့်မားခြင်း၊ ပြောင်းရွှေ့နေထိုင်မှုနှုန်း မြင့်မားခြင်း စတဲ့အချက်တွေကြောင့် လူဦးရေနဲ့ သယံဇာတအရင်းမြစ် အချိုးညီမျှမှု မရှိခြင်း၊ လူမှုစီးပွားအညွှန်းကိန်း နိမ့်ကျခြင်းနဲ့ ဒေသတွင်း စားနပ်ရိက္ခာ လုံလောက်မှု မရှိခြင်းတို့ ပေါ်ပေါက်ခြင်းရှိ မရှိနဲ့ နောင်မှာ ပေါ်ပေါက်လာနိုင်ဖွယ် ရှိ မရှိ စစ်တမ်းကောက်ယူနိုင်မှုတွေပါဝင်ပါတယ်။

မျိုးစောင့်ဥပဒေတွေ ၄ ခုလို့ လူသိများတဲ့  ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ လူဦးရေတိုးပွား နှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ တလင်တမယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းတွေကို လွှတ်တော်နှစ်ရပ်မှာ အပြန်အလှန်ပေးပို့ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

အဆိုပါ ဥပဒေကြမ်းတွေကို နောက်ဆုံး  ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက် ထပ်မံဆွေးနွေးအပြီး သတ်အတည်ပြုချက်ရယူရဦးမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013