DVB Logo
Home
မြန်မာသတင်း
ပဲခူးမြို့သစ်တိုးချဲ့မြေယာများ အငြင်းပွားနေဆဲ
DVB
·
March 20, 2015
ပဲခူးမြို့သစ်တိုးချဲ့မြေယာများ အငြင်းပွားနေဆဲ
1 / 7
Donate to DVB

ပဲခူးမြို့သစ်တိုးချဲ့ရာမှာ သိမ်းယူခဲ့တဲ့ လယ်မြေတွေနဲ့ပတ်သက်ပြီး ပြေလည်မှုမရသေးပဲ အခုအချိန်ထိ အငြင်းပွားနေကြပါတယ်။

သိမ်းယူခဲ့တဲ့လယ်မြေတွေမှာ လက်ရှိ  အချိန်ထိ အဆောက်အဦ မဆောက်ရသေးတာတွေ ရှိနေသလို တချို့လယ်တွေမှာ လယ်စိုက်သူတွေလည်း ရှိနေကြတာပါ။

“ကျနော့် လယ်မှာ ကျနော်လယ်စိုက်တာ။ အခုတောင် ရိုးပြတ်တွေရှိသေးတယ်။ ဒီနေ့မှ ကညန ပိုင်တယ်ဆိုပြီး ခြံလာခတ်တယ်’’ လို့ ဘုရားသုံးဆူကွင်းက လယ်သမား ဦးမောင်မောင်အေးက ပြောပါတယ်။

၁၉၉၇ ခုနှစ်အထိ လယ်တွေအတွက် မြေခွန်ဆောင်ခဲ့ရပြီး နောက်ပိုင်းနှစ်တွေမှာတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဆီမှာ တနှစ်သီးစားလုပ်ခွင့်ယူခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတော့ အဲဒီပတ်ဝန်းကျင်က အငြင်းပွားမြေကွက်မှာနေထိုင်သူရဲ့ အိမ်နဲ့ နွားတင်းကုပ်ကို ညဘက်မှာ မီးရှို့တာ ခံခဲ့ရပါသေးတယ်။

“ညဘက်မှာ ဘယ်ကမှန်းမသိတဲ့လူတစ်စုရောက်လာတယ်။ လူတွေကတော့ ရှောင်လာရတယ်။ ကျွဲတွေ ကိုတော့ ကြိုးဖြတ်လွှတ်ပြီး တဲတွေကိုတော့ မီးရှို့ပစ်တယ်’’ လို့ တဲမှာနေထိုင်သူ အမျိုးသမီးက ပြောပါတယ်။

ပဲခူးမှာ အဲဒီလို အဖြစ်တွေအများကြီးရှိနေပြီး အခုအချိန်ထိ လျော်ကြေးတစ်စုံတရာမရသေးဘူးလို့ လည်း မူလမြေပိုင်ရှင်ဆိုသူတွေက ပြောပါတယ်။

[gallery ids="86315,86310,86311,86312,86313,86314,86316"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013