DVB Logo
Home
မြန်မာသတင်း
မြန်မာ့နိုင်ငံရေးကို အနီးကပ် စောင့်ကြည့်နေဟု ဂျပန် အစိုးရပြော
DVB
·
March 19, 2015
မြန်မာ့နိုင်ငံရေးကို အနီးကပ် စောင့်ကြည့်နေဟု ဂျပန် အစိုးရပြော
1 / 5
Donate to DVB

မြန်မာနိုင်ငံရေး ဖြစ်စဉ်တွေကို ဂျပန်အစိုးရက အနီးကပ် သတိထား စောင့်ကြည့်နေတယ်လို့ ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။

လက်ပံတန်းမြို့ ကျောင်းသားသပိတ် ဖြိုခွင်းမှု အပါအ၀င်  ပြည်သူတွေရဲ့ ဆန္ဒ ဖော်ထုတ်ပွဲတွေကို အင်အား အလွန်အကျွံသုံး အကြမ်းဖက်ဖြိုခွင်းခဲ့တာတွေ အပါအ၀င် တိုင်းရင်းသား ဒေသတွေမှာ စစ်တပ်က ထိုးစစ်ဆင်နေတာတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအပေါ် ထားရှိတဲ့ မူဝါဒကို ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီ အရေးဆောင်ရွက်နေသူတွေက မတ် ၁၉ ရက်က သွားရောက်မေးမြန်းရာမှာ အခုလို ပြောဆိုလိုက်တာပါ။

မြန်မာ့ ဒီမိုကရေစီ ထွန်းကားရေး အတွက်ပေးအပ်နေတဲ့ စီးပွားရေး အကူအညီကို ပြန်လည် သုံးသပ်ပေးဖို့ ဒီမိုကရေစီနည်းကျဆောင်ရွက်ရေး ဖိအားပေးဖို့ တိုက်တွန်းတောင်းဆိုတဲ့ စာကို ဂျပန်နိုင်ငံခြားရေး ၀န်ကြီး ကိုယ်စား အရှေ့တောင်အာရှ တာဝန်ခံ အိုယမ ဆာတိုရှီစံနဲ့ မာရုတ အစုရှီစံတို့က လက်ခံရယူခဲ့ပါတယ်။

စာသွားပေးတဲ့အချိန်မှာ ရာနဲ့ချီတဲ့  မြန်မာ နိုင်ငံသားတွေက ဂျပန်နိုင်ငံခြားရေး ၀န်ကြီးရုံးရှေ့မှာ မြန်မာအစိုးရကို ဖိအားပေးဖို့ ဂျပန်အစိုးရကို တောင်းဆိုနေပါတယ်။

[gallery ids="86303,86304,86305,86306,86307"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013