DVB Logo
Home
မြန်မာသတင်း
တရားမ၀င် စလောင်းများ အချုပ်အခြာအာဏာထိပါးရင် အရေးယူမည်
DVB
·
March 19, 2015
တရားမ၀င် စလောင်းများ အချုပ်အခြာအာဏာထိပါးရင် အရေးယူမည်
1 / 3
Donate to DVB

ပြည်ပကတရားမ၀င်တင်သွင်းလာတဲ့  စလောင်းထုတ်လွှင့်မှုတွေဟာ ဘာသာရေး ပဋိပက္ခလှုံ့ဆော်တာနဲ့  နိုင်ငံရဲ့ အချုပ်အခြာအာဏာထိပါးလာရင် အရေးယူမယ်လို့  ပြည်ထဲရေး ဒု -ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောပါတယ်။

မတ်လ ၁၈ ရက် ပြည်သူ့လွှတ်တော်မှာ  သင်္ကန်းကျွန်းအမတ် ဦးသိန်းညွန့်က နိုင်ငံခြားက တရားမဝင်တင်သွင်းတဲ့ စလောင်းတွေဟာ အခွန်အကောက်စီးပွားရေး ထိခိုက်တဲ့အပြင် နိုင်ငံတကာ အကြမ်းဖက်ဝါဒအစွန်းရောက် အယူအဆတွေကို အားပေးတာတွေပါဝင်တဲ့ အတွက် အရေးယူဖို့ ရှိမရှိ မေးမြန်းချက်ကို  ပြည်ထဲရေး ဒုဝန်ကြီးက ပြောသွားတာပါ။

ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က   “ပြည်ပနိုင်ငံများမှ တရားမဝင် တင်သွင်းလာသော (၈)ပေစလောင်း၊ လိမ္မော်ရောင်ဗန်းနှင့် အမည်းရောင်ဗန်းများမှ ထုတ်လွှင့်မှုများသည် မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသော ဘာသာရေး ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်ခြင်း၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာပိုင်ကို ထိပါးစော်ကားခြင်းများ ပါဝင်လာပါက နိုင်ငံတော်တည်ငြိမ်ရေးနှင့် အများပြည်သူလုံခြုံရေးတို့အတွက်ကို တည်ဆဲဥပဒေများ နှင့်အညီ အရေးယူ ဆောင်ရွက်ကြီးကြပ် သွားမည်” လို့ ပြောပါတယ်။

ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက်တွေ တရားမဝင်တင်သွင်းရင်  ပို့ကုန်သွင်းကုန် ဥပဒေနဲ့ ဖမ်းဆီးအရေးယူသွားမှာဖြစ်ပြီး အခွန် တရားဝင် ပေးဆောင်လုပ်ကိုင်နေတဲ့ ပြည်တွင်း ရုပ်သံလိုင်းတွေကို အကာအကွယ် ပေးမယ့်အပြင်  ပြည်တွင်းရုပ်သံလိုင်းတွေက  နစ်နာချက်တွေကို တိုင်ကြားလာပါကလည်း  အရေးယူမယ်လို့လည်း ပြည်ထဲရေး ဒုဝန်ကြီးက ပြောပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကတော့  တိုင်ကြားသူရှိမှ အရေးယူမယ့် ဥပဒေဖြစ်နေတယ်ဆိုပြီး လွှတ်တော်မှာ  ထပ်ဆင့်မေးခွန်းထုတ်သွားခဲ့ပါတယ်။

ipmပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကလည်း ဦးသိန်းညွန့်ရဲ့ တင်ပြချက်တွေမှန်ကန်တဲ့ အကြောင်း လွှတ်တော်မှာ ထောက် ခံပြောကြားသွားပြီး  ဒီကိစ္စကို ထိန်းသိမ်းဖို့ ၀န်ကြီးဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ဥပဒေမှာ တရားမ၀င် စလောင်းတွေကိစ္စ ထည့်သင့်မသင့် လွှတ်တော်က စဉ်းစားဖို့ ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က” ယင်းရုပ်သံလိုင်းများမှာ ဂြိုဟ်တုမှ ထုတ်လွှင့်တာဖြစ်လို့ နည်းပညာအရ spill over ဖြစ်ပြီး မိမိတို့နိုင်ငံရောက်ရှိဖမ်းယူကြည့်ရှုနိုင်ကြောင်း၊ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားနဲ့ Sky Net ရုပ်သံလိုင်းတွေလည်း ဂြိုဟ်တုမှ ထုတ်လွှင့်တာဖြစ်သည့်အတွက်  ထိုင်းနှင့်စင်ကာပူနိုင်ငံတို့တွင် ဖမ်းယူကြည့်ရှုနိုင်ကြောင်း၊ သို့သော်  တရားမ၀င် စလောင်းများ တင်သွင်းခြင်းကို ချုပ်ကိုင်ထားတာကြောင့် Sky Net နဲ့ မြန်မာ့ရုပ်မြင်သံကြား ကြည့်ရှုနိုင်တဲ့ စလောင်းတွေကို တင်သွင်းလို့ မရကြောင်း” ပြောပါတယ်။

psi true tv-2--2--3ပြန်ကြားရေးဝန်ကြီးရဲ့ ရှင်းလင်းချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော် ဥပဒေကြမ်း ကော်မတီအနေနဲ့ အလေးအနက်ထား စဉ်းစားဖို့လိုတယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မှတ်ချက်ပေးပြောပါတယ်။

ပြည်ထဲရေးဒုဝန်ကြီးကတော့ (၈)ပေစလောင်း၊ လိမ္မော်ရောင်ဗန်း၊ PSI  အမည်းရောင်ဗန်းတွေကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှာ သွင်း ကုန်လိုင်စင် လျှောက်ဝယ်ယူတင်သွင်းနိုင်သလို   တာချီလိတ်နယ်စပ်မှာ ထိုင်းနိုင်ငံက  တင်သွင်းလာတဲ့ စလောင်းတွေကို အခွန် ၃ ရာခိုင်နှုန်းကောက်ခံပြီး ရှမ်းပြည်နယ်အစိုးရက တရားဝင် တင်သွင်းခွင့်ပြု နေတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013