DVB Logo
Home
မြန်မာသတင်း
မြန်မာ-ကမ္ဘောဒီးယား အလုပ်သမားများ အုပ်စွဲဖွဲ့ရန်ဖြစ်၊ ၁၀၀ ကျော်ဖမ်းဆီး
DVB
·
March 19, 2015
မြန်မာ-ကမ္ဘောဒီးယား အလုပ်သမားများ အုပ်စွဲဖွဲ့ရန်ဖြစ်၊ ၁၀၀ ကျော်ဖမ်းဆီး
1 / 5
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ချွန်းပူရီခရိုင်မှာ မြန်မာနဲ့ ကမ္ဘောဒီးယားအလုပ်သမားတွေ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားပြီးတဲ့နောက် တရားမ၀င် အလုပ်သမား ၁၀၀ ကျော်ကို ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးတဲ့ တရားမ၀င် အလုပ်သမား ၁၀၀ ထဲမှာ မြန်မာ အလုပ်သမား အများစုဖြစ်ပြီး ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ ချွန်းပူရီခရိုင် ဒုရဲမှူး နိုင်းတလိုင်းလုန်ဖျူဖန်းကို ကိုးကားပြီး မန်နေဂျာ အွန်လိုင်း သတင်းမှာ ဖော်ပြပါတယ်။

မတ်လ ၁၈ ရက် မနက်ပိုင်းက ဘန်လမုံးမြို့ နောင်ပလီရပ်ကွက်ထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကို ရဲတပ်ဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူစစ် ၁၅၀ ခန့်က  ၀င်ရောက်စီးနင်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

၁၀ ဧကကျော် ကျယ်တဲ့ ဆာက်လုပ်ရေးအလုပ်သမားဝင်းထဲကို အုပ်စု ၅ စုခွဲပြီး တရားမ၀င် အလုပ်သမားတွေ  ရှာဖွေစစ်ဆေးရာမှာ တချို့က အနီးက တောအုပ်ထဲကို ထွက်ပြေးသွားတယ်လို့ သတင်းမှာ ရေးပါတယ်။

ကျန်တဲ့ အလုပ်သမား ၁၀၀၀ ကျော်ကို သက်သေခံအထောက်အထား၊ အလုပ်သမား ကတ်တွေ စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။

ဒီမတိုင်ခင်က ဒီအလုပ်သမားဝင်းထဲမှာ တပတ်အတွင်း ၃ ကြိမ်တိတိ မြန်မာ နဲ့ ကမ္ဘောဒီးယားအလုပ်သမားတွေကြား  ရန်ဖြစ်ခဲ့တဲ့ အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

ဒီဖြစ်ရပ်ကြောင့် အနီးနားပတ်ဝန်းကျင်နေထိုင်တဲ့သူတွေက စိုးရိမ်ကြောင့်ကြ လုံခြုံမှု မရှိသလို ခံစားနေရတဲ့အတွက် ခုလိုဝင်ရောက်စီးနင်းရတာလို့  ရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်စားသောက်တဲ့ ရွှေ့ပြောင်းအလုပ်သမားအချင်းချင်းကြား ပြန်လည်သင့်မြတ်ပြီး စည်းစည်းလုံးလုံးနေဖို့နဲ့ နောင်မှာ ရန်ဖြစ်မယ်ဆိုရင်တော့ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ အလုပ်သမားတွေကို ဒုရဲမှူးက ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ - dailynews

[gallery ids="86211,86212,86213,86214,86215"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013