DVB Logo
Home
မြန်မာသတင်း
ပုပ္ပါးတောင်နေရာအချို့ တောမီးလောင်
DVB
·
March 18, 2015
ပုပ္ပါးတောင်နေရာအချို့ တောမီးလောင်
1 / 6
Donate to DVB

ဆေးဝင်တောင်၊ မြင်းကတောင် အပါအ၀င် ပုပ္ပါးတောင် နေရာတော်တော်များများမှာ  တောမီး ဆက်တိုက်လောင်နေခဲ့တာ သီတင်း  တပတ်လောက်ရှိနေပြီဖြစ်ပါတယ်။

“လောင်လိုက် ငြိမ်းလိုက်ဖြစ်နေတာက ၁ လလောက်ရှိပြီ။ မငြိမ်းပဲလောင်နေတာကတော့ တစ်ပတ်ရှိပြီ။ ဆေးဝင်တောင်ဆိုရင် တတောင်လုံးနီးပါး လောင်သွားတာ’’ လို့ သွားရောက်ကြည့်ရှုခဲ့တဲ့ မျက်မြင် ဒေသခံ ဦးကျော်ဝင်းဆွေက ပြောပါတယ်။

လက်ရှိအချိန်ထိတော့ သစ်ပင်ကြီးတွေ မလောင်သေးပဲ အောက်ခြေက အပင်ငယ်တွေပဲ လောင်နေတာပါ။ “မနေ့ညနေက ဆိုရင် ပုပ္ပါးတောင် အရှေ့မြောက်ဘက် မြင်းကတောင်ဆိုရင်လည်း တောင်ခြေဘက်လောင်ပြီး ခုဆိုရင် ထင်းရှူးတောဘက်ကိုတက်နေပြီ’’ လို့ သူက ဆက်ပြောပါတယ်။

ပုပ္ပါးတောင်ပတ်လည်က နေရာ ၁၀ နေရာကျော်လောက်မှာ  မီးလောင်နေတာဖြစ်ပြီး  ဘုရားဖူးတွေ သွားတဲ့ ပုပ္ပါးတောင်ကလပ်ဘက်ကိုတော့ မီးကူးစက်လောင်ကျွမ်းခြင်း မရှိသေးပါဘူး။

မီးလောင်မှု အခြေအနေနဲ့ပတ်သက်ပြီး ပုပ္ပါးချစ်သူများအသင်း နာယက ဆရာတော်  ဦးယုဇနက “ညဘက်တွေမှာဆိုရင်တော့ မီးတောက်တွေမြင်ရတယ် ၊ နေ့ခင်းပိုင်ကျတော့ မီးခိုးတွေ တအားထွက်နေတာပဲ မြင်ရတယ်လေ။ မီးကိုဘယ်လိုတားသလဲဆိုတော့ တတောင်နဲ့ တတောင် အောက်ခြေမှာ  အဆက်အစပ်နားလေးမှာ အမှိုတ်တွေ၊ သစ်ရွက်တွေ ယက်ထုတ်ပစ်လိုက်တဲ့ အခါကျတော့ ကူးမသွားနိုင်ဘူးလေ၊ သစ်ကိုင်းတွေခုတ်ပြီးတော့ သစ်ကိုင်းတွေနဲ့ လိုက်ရိုက်အဲလိုမျိုး၊ မီးလောင်တာ ခုတော့ တော်တော်ငြိမ်းသွားပါပြီ။ တနေရာတော့ ကျန်သေးတယ်၊ ဆေးဝင်းတောင်ထိပ် မရောက် တရောက်လေးမှာ မီးက နည်းနည်း အရှိန်ပါသေးတယ်ပေါ့၊  ကျန်တဲ့နေရာတော့ ပျော့သွားပြီ” လို့ ဒီဗွီဘီကို မိန့်ပါတယ်။

ပုပ္ပါးတောင် စိမ်းလန်းစိုပြည်ရေး အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ဦးကတော့  “မီးကငြိမ်းသွားပါပြီ။ အဲဒီလိုလည်း သတင်းပို့ထားပြီးသားပါ” လို့  ပြောပါတယ်။

အခုလောင်တာဟာ ပေါ့ဆမီးဖြစ်ပြီး ထင်းခုတ်သူတွေကို ဖမ်းဆီးလို့ မကျေနပ်ပဲ ရှို့တာလည်း ဖြစ်နိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ ဒါပေမယ့် မီးလောင်ရခြင်း အကြောင်းရင်းကိုတော့  မသိရသေးပါဘူး။

ဓာတ်ပုံ- ကျော်ဝင်းဆွေ

[gallery ids="86138,86139,86140,86141,86142,86143"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013