DVB Logo
Home
နိုင်ငံတကာ
အီရန်စစ်ပွဲစရိတ် ဒေါ်လာ ၃၇ ဒသမ  ၅ ဘီလီယံ ရှိပြီဟု အမေရိကန် အတည်ပြု
DVB
·
July 22, 2026
Photo: Reuters
Photo: Reuters
Donate to DVB

လက်ရှိ အီရန်စစ်ပွဲအတွက် တရားဝင်ခန့်မှန်းထားတဲ့ နောက်ဆုံးကုန်ကျစရိတ်ဟာ ဒေါ်လာ ၃၇ ဒသမ ၅ ဘီလီယံအထိ ရှိနေပြီဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်က အတည်ပြုပါတယ်။

ဒါဟာ မေလတုန်းက ခန့်မှန်းထားတဲ့ ပမာဏထက် ဒေါ်လာ ၈ ဘီလီယံလောက် တိုးလာတာ ဖြစ်ပေမဲ့လည်း တကယ့် ကုန်ကျစရိတ်ဟာ ဒီ့ထက်ကို ပိုပြီးများနိုင်တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၁ ရက်က အထက်လွှတ်တော် ဘတ်ဂျက်ခွဲဝေမှုဆိုင်ရာ ကော်မတီ ကြားနာပွဲမှာ စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဒန်ကိန်းနဲ့အတူ ဟဂ်ဆီသ်ကို မေးခွန်းထုတ်ခဲ့ကြတာပါ။

အဲဒီနောက် ဟဂ်ဆီသ်က ပင်တဂွန်စစ်ဌာနချုပ်အတွက် ဒေါ်လာ ၈၇ ဘီလီယံ အသုံးစရိတ်ကို ကွန်ဂရက်လွှတ်တော်အနေနဲ့ အရေးတကြီး အတည်ပြုပေးဖို့ လိုအပ်နေကြောင်း ပြောသွားပါတယ်။

အဲဒီထဲ​က ဒေါ်လာ ၆၇ ဘီလီယံကို အရှေ့အလယ်ပိုင်း စစ်ဆင်ရေးအတွက် သုံးစွဲသွားမှာ ဖြစ်တယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။

ဒါ့အပြင် လာမဲ့ဘဏ္ဍာနှစ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာနအတွက် ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ အသုံးစရိတ်ချပေးဖို့ လိုအပ်တယ်ဆိုပြီး အိမ်ဖြူတော်က လွှတ်တော်ကို တောင်းခံထားပါတယ်။

အဲဒီတောင်းဆိုချက်အတိုင်း အတည်ပြုနိုင်ခဲ့မယ်ဆိုရင် အမေရိကန်ရဲ့ စစ်ရေးအသုံးစရိတ်ဟာ ခေတ်သစ်သမိုင်းတလျှောက် စံချိန်တင် အမြင့်ဆုံး ဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့လည်း ထိခိုက်ပျက်စီးသွားတဲ့ အမေရိကန်စစ်စခန်းတွေကို ပြန်လည်တည်ဆောက်ရမဲ့ ကုန်ကျစရိတ် မပါဝင်သေးတဲ့အလျောက် ဒီကိန်းဂဏန်းတွေက သိသိသာသာ လျော့နည်းနေပါသေးတယ်။

အခုလိုမျိုး တောင်းခံထားတဲ့ ပမာဏအတိုင်း မရနိုင်ဘူးဆိုရင် လက်ရှိမှာရော အနာဂတ်မှာပါ စစ်သည်တွေရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို လျှော့ချရနိုင်တယ်ဆိုပြီး ဟဂ်ဆီသ်က ပြောကြားပါတယ်။

အလားတူ အီရန်စစ်ပွဲကြောင့် အမေရိကန်ရဲ့ လက်နက်သိုလှောင်နိုင်စွမ်းအပေါ်  ဖိအား ကျရောက်စေနိုင်တယ်လို့လည်း သတိပေးသွားပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကာလအားဖြင့် ပိုမိုကြာရှည်ပြီး လူသေဆုံးမှုများခဲ့တဲ့ စစ်ပွဲတွေရဲ့ စာရင်းကို လူမှုကွန်ရက်ပေါ်မှာ ဖော်ပြခဲ့ပါတယ်။

အီရန်စစ်ပွဲအတွင်း အမေရိကန်ဘက်က သေဆုံးသူ ၁၈ ယောက်သာ ရှိတယ်ဆိုပြီး ထရမ့်ပ် ပိုင်ဆိုင်တဲ့ Truth Social ပေါ်မှာ ရေးထားတာကို တွေ့ရပါတယ်။

အခုနှစ် ဧပြီလအတွင်း အမေရိကန်နဲ့ အီရန်တို့ကြား အပစ်အခတ်ရပ်စဲထားဖို့ သဘောတူခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့အပတ်မှာ အပြန်အလှန် တိုက်ခိုက်မှုတွေ တဖန်စတင်လာခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013