DVB Logo
Home
မြန်မာသတင်း
သတင်းလွတ်လပ်ခွင့်အတွက် တိုင်းရင်းမီဒီယာညီလာခံ ဟားခါးတွင် စတင်
DVB
·
March 18, 2015
သတင်းလွတ်လပ်ခွင့်အတွက် တိုင်းရင်းမီဒီယာညီလာခံ ဟားခါးတွင် စတင်
1 / 6
Donate to DVB

သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ရည်ရွယ်တဲ့ တိုင်းရင်းမီဒီယာညီလာခံကို ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီကနေ့ စတင် ကျင်းပပါတယ်။

ညီလာခံကို မတ် ၁၈ ကနေ ၂၀ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပသွားဖို့ ရှိပြီး တိုင်းရင်းသားသတင်းဌာနများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ မီဒီယာလွတ်လပ်ခွင့်နဲ့ မီဒီယာ တည်မြဲုရေးတွေ ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဒီညီလာခံမှာ အိမ်ရှင်အဖြစ် ကူညီဆောင်ရွက်နေတဲ့ ချင်းဝေါ်လ်မီဒီယာက ဆလိုင်းကျော်မိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ညီလာခံမှာ စကားဝိုင်းတွေ လုပ်ပြီး ဆွေးနွေးကြဖို့ ရှိပါတယ်ခင်ဗျ။ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ၊ ရေဒီယိုနဲ့ တီဗွီအပါအ၀င် လူထုအခြေပြုမီဒီယာအကြောင်း၊ တိုင်းရင်းမီဒီယာ ရေရှည်တည်တံ့ခိုင်မြဲရေး၊ သတင်းမီဒီယာလွတ်လပ်ခွင့်၊ ရွေးကောက်ပွဲအစီရင်ခံခြင်း၊ မီဒီယာဥပဒေ၊ မီဒီယာဖွံ့ဖြိုးတိုးတက်မှုနဲ့ မီဒီယာဈေးကွက်မြှင့်တင်ရေးစတဲ့ခေါင်းစဉ်တွေ ပါပါ တယ်။”

ဒီကနေ့ ဖွင့်ပွဲအခမ်းအနားမှာတော့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်ငိုင်းက ချင်းပြည်နယ်မှာ လာကျင်းပတဲ့အတွက် ကြိုဆိုဝမ်းမြောက်ကြောင်း အဖွင့် အမှာစကား ပြောကြား ခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးပိုက်ထွေးက မြန်မာနိုင်ငံ ဒီမိုကရေစီကူးပြောင်းရေးကာလအတွင်း မီဒီယာများရဲ့ အခြေအနေအကြောင်းနဲ့ ပတ်သက်ပြီး  အစိုးရအနေနဲ့ မီဒီယာဗဟုဝါဒကို တိုးတက်အောင် ကြိုးစားဆောင်ရွက်နေကြောင်းနဲ့ တိုင်းရင်း သားမီဒီယာလုပ်ပိုင်ခွင့် လိုင်စင် ၂၆ ခု ထုတ်ပေးထားကြောင်း  ပြောသွားပါတယ်။

ချင်းအမျိုးသားတပ်ဦးက ဒေါက်တာရွှေခါးကလည်း အစိုးရငြိမ်းချမ်းရေး သဘော တူချက်ထဲမှာ လူမျိုးစုနယ်မြေထဲမှာ လူမျိုးစုမီဒီယာတည်ထောင်ခွင့် ဆိုတဲ့အချက်လည်း ပါရှိကြောင်း ပြောပါတယ်။

ဒါ့အပြင် ညီလာခံမှာ  ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနဲ့ စိန်ခေါ်ခြင်း၊ မြန်မာ့ငြိမ်းချမ်းရေးကို တိုင်းရင်းမီဒီယာများက စောင့်ကြည့်ခြင်း ၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံတော်အရင်းအမြစ်များ စီမံခန့်ခွဲရေး၊  ငြိမ်းချမ်းရေး တရားမျှတမှုနဲ့ မီဒီယာတွေအကြောင်းတွေကို  ဖိတ်ကြားထားတဲ့ ပညာရှင်တွေကဟောပြောဖို့ ရှိပါတယ်။

တိုင်းရင်းသား မီဒီယာအဖွဲ့တွေ စုစည်းပြီး ၁ နှစ် ၁ကြိမ် နယ်လှည့် ညီလာခံ ကျင်းပလာခဲ့တာမှာ ဒီနှစ် တတိယအကြိမ်မြောက် ညီလာခံမှာတော့ ချင်းပြည်နယ်အစိုးရ အဖွဲ့ဝင် ၀န်ကြီးတွေ၊ ခေါ်နုမ်းထုန်၊ ရှမ်း သံတော်ဆင့်၊ ကေအိုင်စီ၊ နိရဉ္စရာ၊ ကချင်သတင်းဌာန၊ လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ သတင်းနဲ့မီဒီယာကွန်ရက်အဖွဲ့(အမ်အန်ဂျီ) ၊ သံလွင်တိုင်းမ်နဲ့ ကန္တာရ၀တီတိုင်းမ်အစရှိတဲ့ နိုင်ငံတကာမြန်မာသတင်း(ဘီအန်အိုင်) ကွန်ရက်အဖွဲ့ဝင်တွေ၊ ပြည်တွင်းပြည်ပသတင်းဌာနက ကိုယ်စားလှယ်တွေ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ပါတယ်။

ဓာတ်ပုံ - ကျော်ဇေယျာဝင်း

[gallery ids="86072,86073,86074,86075,86076"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013