DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကျွေးမွေးစရိတ် ကျပ်သန်း ၅ ထောင်ကျော်သုံးမည့်ကိစ္စ ရှင်းလင်း
DVB
·
March 18, 2015
ရွေးကောက်ပွဲကျွေးမွေးစရိတ် ကျပ်သန်း ၅ ထောင်ကျော်သုံးမည့်ကိစ္စ ရှင်းလင်း
Donate to DVB

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ  ဧည့်ခံကျွေးမွေးစရိတ် ကျပ် သန်း ၅၇၀၀ ကျော် အသုံးပြုဖို့ တောင်းခံထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က မတ် ၁၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ  လာရောက် ရှင်းလင်းသွားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက  ရွေးကောက်ပွဲကော်မရှင် သာမန်အသုံးစရိတ် စုစုပေါင်း ကျပ်ငွေ ၄၉၈၇၈ ဒသမ ၃၃၆ သန်းအနက်မှ ဧည့်ခံကျွေးမွေးစရိတ်အဖြစ် ကျပ်သန်း ၅၇၀၀ ဒသမ ၈၁၁ တောင်းခံထားတာဟာ  အလွန်များလွန်းတယ်လို့  ထောက်ပြ ဆွေးနွေးသွားခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်  ဦးဝင်းကိုက ခုတောင်းခံထားတဲ့ ကျပ်သန်းပေါင်း ၅၇၀၀ မှာ  ဧည့်ခံစရိတ်က ၂ ဒသမ ၅ သန်းဖြစ်ပြီး  ကျွေးမွေးစရိတ်ခေါင်းစဉ်မှာ ၅၆၉၈ ဒသမ ၃၁၁ သန်းဖြစ်ကြောင်း  ကျွေးမွေး စရိတ်ခေါင်းစဉ်အောက်မှာ  အများဆုံးသုံးစွဲရတဲ့ငွေဟာ  မဲရုံပေါင်း ၄၆၄၈၉ မှ မဲရုံအဖွဲ့ဝင်တွေအတွက် ကျွေးမွေးစရိတ်ငွေ ကျပ် ၄၆၀၂ ဒသမ ၄၁၁ သန်း ပါဝင်တယ်လို့ ရှင်းလင်းပြောကြား သွားပါတယ်။

ကျွေးမွေးစရိတ်တွေထဲမှာ  မဲရုံမှူး တဦးအတွက် တရက် ငွေကျပ် ၅၀၀၀ နှုန်း၊ ဒုမဲရုံမှူးတဦးအတွက် ငွေကျပ် ၄၀၀၀ နှုန်း၊  မဲရုံအဖွဲ့ဝင် တဦးအတွက် ငွေကျပ် ၃၀၀၀ နှုန်းတောင်းခံတာဖြစ်ပြီး စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်ကြတဲ့ မဲရုံအဖွဲ့ဝင်တွေအတွက် ရွေးကောက်ပွဲမပြုလုပ်မီတရက်၊ ရွေးကောက်ပွဲရက်နှင့် ရွေးကောက်ပွဲပြီး နောက်တရက် စုစုပေါင်း ၃ ရက်အတွက် သင့်လျော်တဲ့ ကျွေးမွေးစရိတ်တွေ ဖြစ်တာကြောင့် လျှော့ချရန် သင့်၊ မသင့် သုံးသပ်စေလိုတယ်လို့လည်း ကော်မရှင်တာဝန်ရှိသူက ပြောသွားပါတယ်။

ဒါပေမယ့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲအထိသာ ကျွေးမွေးစရိတ် ပေးနိုင်ပြီး ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေမှာ ပုံမှန် ကျွေးမွေးစရိတ် မရရှိကြဘူးလို့ ဆိုပါတယ်။

ပြည်သူ့လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းကတော့  ရွေးကောက်ပွဲကော်မရှင်က တောင်းထားတဲ့ ဧည့်ခံကျွေးမွေးစရိတ် ကျပ်သန်း ၅၀၀၀ ကျော်ဟာ တိုက်နယ်ဆေးရုံပေါင်း ၁၄ ရုံ သို့မဟုတ် ကျေးလက်ကျန်းမာရေး ဌာနခွဲပေါင်း ၁၂၆ ခု ဆောက်လုပ်တဲ့ ငွေပမာဏနဲ့ တူနေတယ်လို့  လွှတ်တော်မှာ  ထောက်ပြ ဆွေးနွေးသွားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013