DVB Logo
Home
မြန်မာသတင်း
မီးခိုးမြူ အုံ့ဆိုင်းမှု အိမ်နီးချင်းများနှင့် လက်တွဲလုပ်ရန် ထိုင်းဝန်ကြီးချုပ် အမိန့်ထုတ်
DVB
·
March 18, 2015
Donate to DVB

တောင်ယာခုတ်မီးရှို့မှုကြောင့် နိုင်ငံမြောက်ပိုင်းမှာ အုံ့ဆိုင်းနေတဲ့ မီးခိုးကိစ္စကို ဖြေရှင်းနိုင်ဖို့ အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးတွဲ အလုပ်လုပ်ဆောင်ဖို့ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက အမိန့်ပေးလိုက်ပါတယ်။

ဒါအပြင် တောင်ယာမီးရှို့တာနဲ့ပတ်သက်ပြီး ဥပဒေ ပြဋ္ဌာန်းဖို့လည်း ပရာယွတ်က ပြောဆိုလိုက်ပါတယ်။

နိုင်ငံခြားရေး ၀န်ကြီးကလည်း လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံတွေက ၀ိုင်းဝန်းကူညီဖို့ စာပို့မယ်လို့ လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဌာန အကြီးအကဲကို ကိုးကားပြီး ဘန်ကောက်ပိုစ့်သတင်းမှာရေးပါတယ်။

အရင်နှစ် နိုဝင်ဘာမှာ မဲခေါင် မြစ်ဝှမ်းဒေသ နိုင်ငံတွေက ၂၀၁၇ ခုနှစ်မှာ တောင်ယာမီးရှို့တဲ့နေရာ ၇ သောင်း ၅ ထောင်၊ ၂၀၂၀ မှာ ၅ သောင်းအထိ လျော့ချဖို့ သဘောတူညီခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ တောင်ယာမီးရှို့တဲ့နေရာ ၇ သောင်း ၈ ထောင်အထိရှိနေပါတယ်။

ထိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ မီးခိုးတွေကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပွားနေပြီး ရေတို ရေရှည် အဖြေရှာဖို့ လိုအပ်တယ်လို့ ပရာယွတ်က ပြောပါတယ်။

မြောက်ပိုင်းမှာ မီးခိုးတွေအုံဆိုင်းတဲ့အတွက် လေကြောင်း ခရီးစဉ်တွေကို ရွှေ့ဆိုင်းခဲ့ရပြီး နိုင်ငံခြား ခရီးသွားဝင်ရောက်မှု ကျဆင်းတဲ့ အတွက် စီးပွားရေးကျဆင်းတယ်လို့ သူက ပြောပါတယ်။

"တောမီးမရှိုနဲ့လို့ ဒေသခံတွေကို တိုက်တွန်းဖို့က ခက်ပါတယ်၊ ဒါတွေကို တားမြစ်ဖို့ အာဏာပိုင်တွေက ဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုပါတယ်”လို့ ပရာယွတ်က ပြောပါတယ်။

ထိုင်းမြောက်ပိုင်းမှာ မီးခိုးများအုံ့ဆိုင်းနေတာဟာ ဘေးကင်း လုံခြုံစိတ်ချရတဲ့ ၁၂၀ မိုက်ခရို ဂရမ်ပါကျူးဗစ်မီတာကို ကျော်လွန်နေသလို ဒေသခံတွေရဲ့ ကျန်းမာရေး အတွက် အန္တရာယ်ရှိနေတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာတော့ မီးခိုးမြူအုံ့ဆိုင်းမှုဟာ ချင်းမိုင်က အဆိုးဝါးဆုံး ဖြစ်ပြီး ၂၉၉ မိုက်ခရို ဂရမ်ပါ ကျူဗစ်မီတာ ရှိနေပါတယ်။ ဒီနောက်မှာတော့ ချင်းရိုင်၊ မယ်ဟောင်ဆောင်၊ ဖတ်ယောင်း၊ လန်ဖုန်းနဲ့ လန်းပန်းတို့ အစဉ်အတိုင်း ရပ်တည်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013