DVB Logo
Home
မြန်မာသတင်း
ပညာရေးဝန်ကြီးဌာန ကွန်မြူနစ်တစ္ဆေခြောက်ခံနေရဟု အန်အန်အီးအာ ဝေဖန်
DVB
·
March 18, 2015
ပညာရေးဝန်ကြီးဌာန ကွန်မြူနစ်တစ္ဆေခြောက်ခံနေရဟု အန်အန်အီးအာ ဝေဖန်
1 / 6
Donate to DVB

ပညာရေးဝန်ကြီးဌာနဟာ ကွန်မြူနစ်တစ္ဆေခြောက်ခံနေရပြီး ကျောင်းသားသမဂ္ဂအပေါ် အမြင်တိမ်းစောင်းနေတယ်လို့    လွှတ်တော်ကြားနားပွဲမှာ  ပညာရေးကွန်ရက် အန်အန်အီးအာက  ဝေဖန်ပြောကြားသွားပါတယ်။

မတ် ၁၇ ရက်က အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး လွှတ်တော်ကြားနာပွဲကို အမျိုးသားလွှတ်တော်မှာ ကျင်းပရာမှာ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (အန်အန်အီးအာ)  အဖွဲ့ဝင် ၂၈ ဦး တက်ရောက်ခဲ့ပြီး ဝေဖန်ပြောဆိုခဲ့ကြတာပါ။

အန်အန်အီးအာအဖွဲ့ဝင် ဒေါက်တာမင်းသိန်းက "ပညာရေး ၀န်ကြီးဌာနဟာ ကွန်မြူနစ်တစ္ဆေခြောက်ခံနေရတယ်လို့ ကျနော် ထင်ပါတယ်။ ဘာမှမဆိုင်တဲ့ သပိတ်မှောက်ရင် ကွန်မြူနစ် လှုပ်ရှားတာ၊ သမဂ္ဂဖွဲ့ရင် ကွန်မြူနစ်လှုပ်ရှားမှု ဆိုပြီး အဲ့လို အမြင်တိမ်းစောင်းနေတယ်လို့ ထင်ပါတယ်။ သမဂ္ဂအပေါ် အမြင်ကြည်လင်စေချင်လို့ ဒါကို ဆွေးနွေးတာပါ။ ကျောင်းသားလည်း အာဏာမသိမ်းနိုင်ပါဘူး။ ကျောင်းသား ကိုယ်စားလှယ်တွေပါတဲ့ အကျိုးကျေးဇူးက ဘာလဲဆိုတော့ ကျောင်းသားပြဿနာကို တလတကြိမ် ကျင်းပတဲ့ တက္ကသိုလ်ကောင်စီမှာ ပြဿနာတွေပေါ်တာနဲ့ တင်ပြ၊ ၀ိုင်းဝန်းဆွေးနွေးကြ၊ ဖြေရှင်းလိုက်ကြနဲ့ ပြဿနာမကြီးထွားခင်မှာ အလွန်ပြေလည်သွားနိုင်မယ့် သဘောဖြစ်ပါတယ်" လို့ လွှတ်တော်ကြားနာပွဲ အတွင်းမှာ ထည့်သွင်းဆွေးနွေးသွားခဲ့ပါတယ်။

ဒါ့အပြင် အခုကြားနာပွဲဟာ ကျောင်းသားတွေ ဖမ်းဆီးခံနေရပြီး မတက်ရောက်နိုင်တာကြောင့် ပြည့်စုံမှု မရှိဘူးလို့ အန်အန်အီးအာ အဖွဲ့ဝင် ဒေါက်တာသိန်းလွင်က ပြောပါတယ်။

"ဒီလိုကြားနာပွဲ ဖြစ်လာတာဟာ ဥပဒေကြမ်း ပြင်ဆင်ဖို့ ဖြစ်လာတာဟာ ကျောင်းသားတွေ သပိတ်မှောက် ဆန္ဒပြခဲ့လို့ ဖြစ်လာတာ။ ကျောင်းသားတွေ သပိတ်မှောက်ဆန္ဒပြမှုကြောင့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာတယ်။ ၄ ပွင့်ဆိုင်ဖြစ်လာတယ်။ လွှတ်တော်ကြားနာပွဲ ဖြစ်လာတယ်။ လက်ပံတန်းမှာ ကျောင်းသားတွေ ရိုက်နှက်ဖမ်းဆီး နှိပ်စက်ခံရတယ်။ ဒါဟာ မဖြစ်သင့်ဘူး။ ဒါကို အမြန်ဆုံး လွှတ်ပေးဖို့ ဆိုပြီးတော့ လွှတ်တော်ဘက်က ၀ိုင်းဝန်းဆောင်ရွက်ပေးဖို့ ကျနော်တို့ တင်ပြခဲ့ပါတယ်" လို့ လွှတ်တော်ကြားနာပွဲအပြီး ဒေါက်တာသိန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။

လက်ပံတန်း အကြမ်းဖက်မှုမှာ ပညာရေးဝန်ကြီးဌာန ပယောဂ မကင်းဘူးလို့လည်း ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။

"လက်ပံတန်း အကြမ်းဖက်မှု ဘာကြောင့် ဖြစ်သွားလဲ၊ ပညာရေးဝန်ကြီးဌာန မသမာမှုကြောင့် ဖြစ်တာ၊ ဒီဟာအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ၊ တာဝန်ရှိမှုကို ကျမတို့ ပြတ်ပြတ်သားသား ပြောဖို့ရှိတယ်။ ကျမတို့က ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး မေးခွန်းထုတ်တာ၊ လွှတ်တော်ရဲ့ ကြားနာပွဲမှာ အန်အန်အီးအာဟာ အသုံးချခံ ဖြစ်သွားလားလို့ ကျမ မေးခွန်းထုတ်ချင်ပါတယ်၊ လွှတ်တော်ရဲ့ ရလဒ်ကို ကျမ စောင့်ကြည့်ချင်ပါတယ်" လို့ သူက ပြောပါတယ်။

အခု ကြားနာပွဲမှာ အန်အန်အီးအာကိုယ်စားလှယ် တဦးကို ၁၅ မိနစ်ပဲ ကြားနာခွင့်ပေးတာကြောင့် အချိန်မလောက်ဘူးလို့ ဆိုပါတယ်။

ပညာရေး ဥပဒေ ပြင်ဆင်ရေး လွှတ်တော်ကြားနာပွဲဟာ ပြီးဆုံးသွားပြီ ဖြစ်ပြီး ကြားနာပွဲ အစီရင်ခံစာကိုတော့ လာမယ့်အပတ်ထဲ လွှတ်တော်ကို တင်သွင်းသွားမယ်လို့ ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

[gallery ids="86036,86037,86038,86039,86040,86041"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013