ဖီဖာဥက္ကဋ္ဌ ဂျန်နီ အင်ဖန်တီနိုဟာ သူ့ရဲ့ရာထူးကို ဆက်ထိန်းထားနိုင်ဖို့ အပြင်းအထန် ကြိုးစားနေပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှယ်ယာတွေကို ရောင်းချဖို့ ကြိုးပမ်းခဲ့တာ မအောင်မြင်ခဲ့တာကြောင့် သူဟာ အထီးကျန်ဖြစ်နေတာပါ။
အခုတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဆီက အကူအညီတောင်းခံဖို့ လုပ်နေတာပါ။ အိမ်ဖြူတော်မှာ ဆွေးနွေးမှုတွေ လုပ်ဖို့လည်း စီစဉ်ထားပါတယ်။
အင်ဖန်တီနိုဟာ ဖီဖာရဲ့ အဓိကပြိုင်ပွဲဖြစ်တဲ့ ကမ္ဘာ့ဖလားရဲ့ ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံတန် ရှယ်ယာတွေကို ရောင်းချဖို့ လျှို့ဝှက်ကြိုးပမ်းခဲ့တာပါ။
ဂျိုရှုယာကူရှ်နာ ဦးဆောင်တဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတခုကို ရောင်းဖို့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကြောင့် ဖီဖာအဖွဲ့ဝင်တွေရဲ့ ပြင်းထန်တဲ့ ပုန်ကန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။










