DVB Logo
Home
မြန်မာသတင်း
မပြီးသေးသည့်တိုက်ပွဲ ဆက်ဆင်နွှဲမည်ဟု လွှတ်မြောက်ကျောင်းသားများ ပြော (ရုပ်သံ)
DVB
·
March 17, 2015
မပြီးသေးသည့်တိုက်ပွဲ ဆက်ဆင်နွှဲမည်ဟု လွှတ်မြောက်ကျောင်းသားများ ပြော (ရုပ်သံ)
Donate to DVB

မပြီးပြတ်သေးတဲ့ တိုက်ပွဲကို ဆက်လက်ဆင်နွှဲမယ်လို့ လက်ပံတန်းသပိတ်စစ်ကြောင်းမှာ ဖမ်းဆီးခံခဲ့ရပြီး ပြန်လွှတ်လာတဲ့ ကျောင်းသားတွေက ပြောပါတယ်။

မတ် ၁၀ ရက်က လက်ပံတန်းက ကျောင်းသားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲခဲ့ပြီး သပိတ်မှောက်နေတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံသူတွေအပါဝင် သတင်းထောက်တွေကို ရိုက်နှက်ဖမ်းဆီးခဲ့တာပါ။

ဒီအထဲမှာ မန္တလေးက ကျောင်းသားတွေလည်း ပါဝင်သလို ပြန်လာလွှတ်မြောက်လာပြီး မပြီးသေးတဲ့ ဒီမိုကရေစီပညာရေးတိုက်ပွဲကို ဆက်လက် တိုက်ပွဲဝင်မယ်လို့ မတ် ၁၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျနော်တို့ လွှတ်လာတဲ့သူတွေ တခြားအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ အဖမ်းခံထားတဲ့ ရဲဘော်တွေကော ဝန်းရံသူတွေကော လွှတ်မြောက်ဖို့ ကျနော်တို့ အတတ်နိုင်ဆုံး လုပ်ဖို့ပေါ့၊ နောက်ပြီးတော့ ကျနော်တို့ မပြီးဆုံးသေးတဲ့ တိုက်ပွဲပေါ့ဗျာ၊ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ ကျနော်တို့ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်မရမချင်းပေါ့၊ တခြားအင်အားစုတွေ နဲ့ ကျောင်းသားတွေနဲ့ တတ်နိုင်တဲ့အထိ တိုက်ပွဲဝင်သွားမှာပေါ့” လို့ လွတ်မြောက်လာတဲ့ ကျောင်းသားတဦးက ပြောပါတယ်။

ဒါ့အပြင် ထောင်ထဲမှာ ကျန်နေတဲ့ ကျောင်းသားတွေအားလုံး ပြန်လွှတ်လာတဲ့ အခါ လက်ပံတန်း သပိတ် ဖြိုခွင်းခံခဲ့ရတဲ့ အဖြစ်အပျက်တွေအားလုံးနဲ့ ပစ္စည်းပျောက်တာကအစ ပြန်ဖော်ထုတ်သွားမယ်လို့ ပြောပါတယ်။

လက်ရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင်တွေ အဖမ်းခံနေရပေမယ့် နောက်ထပ်ခေါင်းဆောင်တွေ ထွက်လာမယ်လို့ ယုံကြည်ထားတယ်လို့ ပြောပါတယ်။

“အာဏာရှင်ကတော့ ဗကသ မျိုးဆက်ပြတ်သွားမလားဆိုပြီးတော့ တာဝန်ခံထားတဲ့ သူတွေကို လိုက်ပြီး မတရားဖမ်းဆီးနေပေမယ့် နောက်မှာကျန်နေတဲ့ ကျောင်းသားတွေလည်း အများကြီး ရှိသေးတယ်။ အဲ့ဒီအထဲကနေ တာဝန်ခံနိုင်မယ့် တကယ်တာဝန်ခံကောင်းတွေပေါ်လာမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ကျနော်တို့ ကိုယ်တိုင်လည်း အဲ့လိုဖြစ်အောင်ကြိုးစားသွားမယ်။ မပြီးဆုံးသေးတဲ့ တိုက်ပွဲကို ကျနော်တို့ ဆက်ပြီး တိုက်သွားမယ်” လို့ လွှတ်မြောက်လာတဲ့ ကျောင်းသား တဦးက ပြောပါတယ်။

လက်ရှိမှာတော့ နိုင်ငံတ၀န်းက ကျောင်းသူကျောင်းသား ၂၉ ယောက်ကို ပြန်လွတ်ပေးပြီး ၉၈ ဦးကတော့ ကျန်ရှိနေပါတယ်။

ကျောင်းသူ ၂၀ အပါအ၀င် ကျောင်းသား ၁၂၇ ဦးကို ဖမ်းဆီးခဲ့သလို သာယာဝတီထောင်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013