DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးအပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရေးဆွေးနွေးပွဲ ရန်ကုန်မှာပြန်စတင်
DVB
·
March 17, 2015
တနိုင်ငံလုံးအပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရေးဆွေးနွေးပွဲ  ရန်ကုန်မှာပြန်စတင်
Donate to DVB

လအတန်ကြာ ရပ်ဆိုင်းထားတဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးရေးဆိုင်ရာ ဆွေးနွေပွဲကို ဒီကနေ့ မတ်လ ၁၇ ရက် မနက် ၁၁ နာရီအချိန် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ စတင်နေပါတယ်။

ယူပီဒဗလျူစီ လို့ခေါ်တဲ့ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နဲ့ အန်စီစီတီလို့ခေါ်တဲ့ တပြည်လုံးအပစ်ခတ်ရပ်ရေးဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်ညှိနှိုင်းရေးအဖွဲ့အကြား ၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုလည်း ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို ယူပီဒဗလျူစီဘက်က ၀န်ကြီး ဦးအောင်မင်းနဲ့ ဦးသိန်းဇော်စသူတို့ ခေါင်းဆောင်ပါဝင်ပြီး အန်စီစီတီဘက်က နိုင်ဟံသာ၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဗိုလ်ချုပ်ဂွမ်မော် စတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးနေပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အပါအ၀င် လေ့လာသူတွေလည်း တက်ရောက်နေပါတယ်။

အန်စီစီတီအဖွဲ့ဝင် ဦးခွန်ဥက္ကာက ‘ဘယ်လောက်မှ မမျှော်လင့်ဘူး၊ ဆွေးနွေးရင်းနဲ့ပဲ ထွက်ပေါ်လာမှာပဲ။ သို့သော် အလားအလာကောင်းတယ်လို့ ပြောနိုင်တယ် ဒီလောက်ပါပဲ’လို့ ဆွေးနွေးပွဲမစတင်ခင် ဒီဗွီဘီကိုပြောပါတယ်။

ဒီဆွေးနွေးပွဲကို ၅ ရက်ကြာ ကျင်းပဖို့ လျာထားပေမယ့် အခြေအနေကောင်းရင် အဲဒီရက်မ တိုင်ခင် ပြီးသွားမယ်လို့ မျှော်လင့်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေ က ဒီဗွီဘီကို ပြောပါတယ် ။

‘ဒီဆွေးနွေးပွဲက ၅ ရက်လျာထားပေမယ့် ၅ ရက်ထက်လည်း စောပြီးမယ်လို့ မျှော်လင့်တယ်။ ပြီးတော့ အကောင်းဆုံးဆွေးနွေးနိုင်မယ် ပြီးပြတ်မယ်လို့လည်း မျှော်လင့်တယ်’

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက် ၆ ကြိမ်ဆွေးနွေးခဲ့အပြီး လိုင်ဇာမှာရှိတဲ့ ကေအိုင်အို ဗိုလ်လောင်းသင်တန်းကျောင်း အပစ်ခံခံရပြီး တဲ့နောက် ၅ လကျော် ရပ်နားခဲ့ရက ဒီကနေ့မှာ ဆွေးနွေးပွဲ ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013