
အင်္ဂလန်အမျိုးသမီး ဘောလုံးအသင်းရဲ့ နည်းပြ ဆာရီနာဝိဂ်မန်းဟာ ဝင်ဆာရဲတိုက်မှာ မင်းသားဝီလျံ ဆီကနေ ဂုဏ်ထူးဆောင် ဒိန်းမ်ဘွဲတံဆိပ် ပေးအပ်ခံခဲ့ရပါတယ်။
နည်းပြဝိဂ်မန်းဟာ အင်္ဂလန်အသင်းကို ဥရောပချန်ပီယံဆု ၂ ကြိမ်ဆက်တိုက် ရရှိအောင် ဦးဆောင် ပေးခဲ့သူဖြစ်ပြီး ဒီလို ထူးချွန်တဲ့ အောင်မြင်မှုတွေကြောင့် အခုလို ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဝိဂ်မန်းဟာ နယ်သာလန်နိုင်ငံသူ ဖြစ်တာကြောင့် သာမန်ဘွဲ့တံဆိပ်အစား ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံမှာ ဗြိတိန်ဘုရင်ကို အကြီးအကဲအဖြစ် သတ်မှတ်ထားခြင်း မရှိပါဘူး။ အဲဒီအတွက် အခုလို ဂုဏ်ထူးဆောင်ဘွဲ့အဖြစ် ပေးအပ်ခံရတာ ဖြစ်ပါတယ်။
Photo:Reuters











