DVB Logo
Home
မြန်မာသတင်း
ထန်းတပင်လွှတ်တော်အမတ် ဦးစိန်ထွန်းကို အဖွဲ့ချုပ်တာဝန်မှ ရပ်ဆိုင်း
DVB
·
March 16, 2015
ထန်းတပင်လွှတ်တော်အမတ် ဦးစိန်ထွန်းကို အဖွဲ့ချုပ်တာဝန်မှ ရပ်ဆိုင်း
Donate to DVB

ပဲခူးတိုင်း ထန်းတပင်မြို့နယ်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းကို ငွေကြေးအရှုတ်အရှင်း ပြဿ  နာနဲ့စွပ်စွဲပြီး  ပါတီတာဝန်ကနေ ၁ နှစ်ရပ်ဆိုင်းလိုက်တယ်လို့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဦးစိန်ထွန်းကို ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဥက္ကဋ္ဌ တာဝန်ကနေ  ဖေဖော်ဝါရီ လကုန်ပိုင်းက စတင် ထုတ်ပယ်လိုက်တာဖြစ်ပြီး လွှတ်တော်အမတ် တာဝန်ကတော့ ဆက်ရှိနေမယ်လို့  ဦးဉာဏ်ဝင်း  ပြောပါတယ်။

‘သူက ကျနော်သိတဲ့ပြသနာ ၂ ခုပါ။ တခုက ပဲခူးတိုင်းထဲက ချောင်းဝကျေးရွာမှာ ကိုယ်ထူကိုယ်ထ မီးလင်းရေးကို ကုမ္ပဏီနဲ့ ဆက်သွယ်လုပ်တယ်။ ကျေးရွာက သူ့ကို ကျပ်သိန်း ၈၀၀ ကျော်အပ်လိုက်တယ်။ ဒီနေ့ထိ မီးလည်းရဘူး။ ပြီးတော့ ရှောင်နေတယ်။ နောက် ဒုတိယတစ်ချက်က ထန်းတပင်ဘက်မှာ ရေကြီးလို့ ရေဘေးဒုက္ခရောက်တုန်းက အဖွဲ့ချုပ်ရုံးကနေ ငွေ ၁၀သိန်း လှူဖို့သူ့ကိုပေးလိုက်ပါတယ်၊ သူအဲဒီမှာ မလှူပါဘူး။ မလှူတာကို သိလို့ ကျနော်တို့ ဒီငွေကို ပြန်တောင်းတော့လည်း ပြန်မပေးဘူး။ ရိုးရိုးတောင်းတာ မဟုတ်ပါဘူး။ စုံစမ်းစစ်ဆေးမှု လုပ်ပြီးတော့မှ တောင်းတာ။ အဲဒီအပြစ်တွေကြောင့် သူ့ကို ပါတီတာဝန်တွေက ရပ်ဆိုင်းလိုက်တာ။’

နေပြည်တော်မှာ လွှတ်တော်တက်နေတဲ့ ဦးစိန်ထွန်းကတော့ ဒီစွပ်စွဲချက်တွေဟာ တဖက်သတ်စွပ်စွဲချက် တွေသာဖြစ်ပြီး မဟုတ်မှန်ကြောင်း  ပြန်လည်ငြင်းဆိုလိုက်ပါတယ်။

“စွပ်စွဲတိုင်တန်းချက်ကို ဒီမိုကရေစီနည်းလမ်းအရရော၊  ပါတီစည်းကမ်းထိန်းသိမ်းရေးက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းဥပဒေအရရော ဘာမှ အညီမလုပ်ပဲနဲ့  စုံစမ်းစစ်ဆေးမှု တစုံတရာ မပြုလုပ်ပဲနဲ့ ဒီအတိုင်း စွပ်စွဲချက်အပေါ် အခြေခံပြီးတော့ လွဲမှားနေတဲ့ စွပ်စွဲချက်ကို  အခြေခံပြီးတော့ ဒီလိုဆုံးဖြတ်လိုက်တာဟာ လုံးဝမှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်ငူမြို့နယ်နဲ့ ခရိုင်အဆင့်မှာ ပါတီတာဝန်ရှိသူတွေ ဆွေးနွေးပြီး မကြာခင် တရားဝင် ကန့်ကွက်စာထုတ်ပြန်ဖို့ ပြင်ဆင်နေရှိနေတယ်လို့လည်း ဦးစိန်ထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013