DVB Logo
Home
မြန်မာသတင်း
လျှောက်ခဲ့တဲ့ အနုပညာလမ်းကြောင်းအပေါ် နောင်တမရဟု မော်ဒယ်ဇွန်သဉ္ဖာ ပြော (ရုပ်သံ)
DVB
·
March 16, 2015
လျှောက်ခဲ့တဲ့ အနုပညာလမ်းကြောင်းအပေါ် နောင်တမရဟု မော်ဒယ်ဇွန်သဉ္ဖာ ပြော (ရုပ်သံ)
Donate to DVB

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကိုယ်ခန္ဓာအလှကို အသားပေးတဲ့ ဓာတ်ပုံတွေ ရိုက်ရင်းနာမည်ရလာတဲ့ မော်ဒယ်သမ္မတပညာတော်သင်ဆုရလို့ ဝေဖန်မှုတွေခံနေရတဲ့ မော်ဒယ်ဇွန်သဉ္ဖာက သူလျှောက်ခဲ့တဲ့ အနုပညာလမ်းကြောင်းအပေါ် နောင်တမရဘူးလို့ ပြောဆိုလိုက်ပါတယ်။

နိုင်ငံတော်သမ္မတက ချီးမြှင့်တဲ့ ပညာတော်သင်ဆုရေးဖြေစာမေးပွဲအောင်မြင်သွားတဲ့အပေါ်
ဝေဖန်မှုတွေရှိနေတာကို မော်ဒယ်ဇွန်သဉ္ဖာက ပြန်လည်ပြောဆိုလိုက်တာပါ။

"သမ္မတက ချီးမြင့်မယ့် ပညာတော်သင်ဆုအတွက် ရေးဖြေစာမေးပွဲအောင်မြင်ပြီးတဲ့နောက်မှာ မော်ဒယ်ဇွန်သဉ္ဖာဟာ
နုတ်ဖြေဖြေဆိုပြီးရင်တော့ သတ်မှတ်ထားတဲ့နိုင်ငံမှာ ပါရဂူဘွဲ့ကို ဆက်ပြီးတက်ရောက်ရမှာဖြစ်ပါတယ်"လို့ မော်ဒယ်ဇွန်သဉ္ဖာက ပြောပါတယ်။

ဒီလို ပညာသင်ဆုအတွက် အနုပညာလမ်းကြောင်းကို ဆက်လျှောက်တဲ့နေရာမှာ ဝေဖန်ပြောဆိုမူတွေ
အဟန့်အတားတွေရှိလာရင် သူအနေနဲ့ အနုပညာအလုပ်ကိုပဲ ရွေးချယ်သွားမယ်လို့ ပြောပါတယ်။

လက်ရှိမှာ ဇွန်သဉ္ဇာဟာ အင်ဂျင်နီယာ မဟာဘွဲ့(ME)ကို သတင်းနဲ့ နည်းပညာအထူးပြုနဲ့ ရရှိထားသူ ဖြစ်ပါတယ်။

အိမမမွန် သတင်းပေးပို့ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013