စပို့တင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အာဆင်နယ် တောင်ပံကစားသမား မာဒူအေကီ ဒဏ်ရာရရှိသွားတာကြောင့် အာတေတာအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။
အာဆင်နယ်ဟာ အဲဒီပွဲမှာ ၀-၀ နဲ့ သရေကျခဲ့ပေမဲ့ နှစ်ကျော့ပေါင်းရလဒ် (၁-၀) ဂိုးနဲ့ ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဆာကာ၊ အော်ဒီဂတ်၊ တင်ဘာနဲ့ ကာလာဖီအိုရီတို့ ဒဏ်ရာကြောင့် နားနေရချိန်မှာ မာဒူအေကီပါ ထပ်မံဒဏ်ရာရသွားတာက လာမဲ့ တနင်္ဂနွေနေ့ မန်စီးတီးနဲ့ အဆုံးအဖြတ်ပွဲအတွက် အာဆင်နယ်ကို အခက်တွေ့စေမှာပါ။
မာဒူအေကီရဲ့ ဒဏ်ရာအခြေအနေကို သေချာမသိရသေးပေမဲ့ ဝမ်းဗိုက်ပိုင်းကို ပြင်းပြင်းထန်ထန် ရိုက်မိခဲ့တာဖြစ်လို့ မန်စီးတီးနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မရေမရာ ဖြစ်နေပါတယ်။










