
ဝါရှင်တန်ဒီစီရှိ အမေရိကန်သမ္မတရဲ့ အိမ်ဖြူတော်အနီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လျှို့ဝှက်လုံခြုံရေးအဖွဲ့ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ချီးကျူးလိုက်ပါတယ်။
“အိမ်ဖြူတော်ကို ချစ်မြတ်နိုးပြီး အကြမ်းဖက်မှုရာဇဝင်ရှိတဲ့သူ တယောက်ကို အိမ်ဖြူတော်နားမှာ ပရော်ဖက်ရှင်နယ်ကျပြီး မြန်မြန်အရေးယူဆောင်ရွက်ပေးလို့ လျှို့ဝှက်လုံခြုံရေးအဖွဲ့ကို ကျေးဇူးတင်ပါတယ်။”
အိမ်ဖြူတော်အနီးမှာ လုံခြုံရေးအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေနတ်သမား သေဆုံးခဲ့ပါတယ်။ ဒီအဖြစ်အပျက်က အိမ်ဖြူတော် သတင်းထောက်များ ညစာစားပွဲမှာ ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း ၁ လအကြာမှာ ဖြစ်ခဲ့တာပါ။
ထရမ့်ပ်က “အနာဂတ်သမ္မတတွေ အတွက်လည်း ဒါက အရမ်းအရေးကြီးပါတယ်။ အန္တရာယ်အကင်းဆုံးနဲ့ အလုံခြုံဆုံးအဆောက်အအုံ ဝါရှင်တန်မှာ ဆောက်လုပ်ရမှာပါ။ အမျိုးသားလုံခြုံရေးအတွက် လုပ်ဆောင်ရမှာပါ” လို့ ပြောပါတယ်။
CBS က ဖော်ပြချက်အရ သံသယရှိသူ သေနတ်သမားဟာ အသက် ၂၁ နှစ်အရွယ် နာဆာရီဘတ် ဖြစ်ပြီး သူဟာ စိတ်ကျန်းမာရေးမှတ်တမ်းတွေရှိသူလို့ သိရပါတယ်။
အဲဒီပစ်ခတ်မှုမှာ လုံခြုံရေးအဖွဲ့ဝင် တယောက် ပစ်ခတ်ခံရတယ်လို့ ပြောပေမဲ့ အသေးစိတ်ကို ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ဒီအဖြစ်အပျက်ဟာ အိမ်ဖြူတော်အပြင်ဘက် ၁၇ လမ်းနဲ့ ပင်ဆယ်ဗေးနီးယားရိပ်သာရှိ အဆောက်အအုံအနီးမှာ ဖြစ်ပွားခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၀ ကြိမ်ကနေ အကြိမ် ၂၀ ကြားရှိတယ်လို့လည်း ဆိုပါတယ်။
လုံခြုံရေးအဖွဲ့က စနေနေ့ ည ၆ နာရီမထိုးခင်မှာ လူတယောက်ဟာ သူ့အိတ်ထဲကနေ သေနတ်ထုတ်ပြီး ပစ်ခတ်မှုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
Source: Reuters










