
အယ်လ်ဟာဇမ်မြို့အနီးမှာ ဆော်ဒီ ကျောထောက်နောက်ခံပြု အစိုးရတပ်တွေနဲ့ အီရန် မဟာမိတ် ဟူသီ တိုက်ခိုက်ရေးသမားတွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရုပ်သံဗီဒီယိုကို ယီမင်စစ်တပ်က စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီရုပ်သံဗီဒီယို ရိုက်ကူးခဲ့တဲ့ နေရာနဲ့ ရက်စွဲကို ရိုက်တာသတင်းဌာနအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ စက်တင်ဘာ ၉ ရက် မတိုင်မီက အွန်လိုင်းမှာ တင်ထားတဲ့ အစောပိုင်း ရုပ်သံဖိုင်တွေကိုတော့ မတွေ့ရပါဘူး။
၂၀၂၂ ခုနှစ်တုန်းက ကုလသမဂ္ဂ အစီအစဉ်နဲ့ အပစ်အခတ် ရပ်စဲခဲ့လို့ နှစ်ရှည်လများ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ ခဏ ရပ်တန့်သွားခဲ့ပေမဲ့ လတ်တလော လတွေအတွင်း ဆော်ဒီအာရေဗျနဲ့ ဟူသီအဖွဲ့ကြား တိုက်ပွဲတွေ ပြန်ပြင်းထန်လာတာကြောင့် စစ်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ပြန်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
ဟူသီအဖွဲ့က အစိုးရတပ်စခန်းတွေဘက်ကို ထိုးစစ်ဆင်ဖို့ ကြိုးပမ်းခဲ့ပြီးနောက် လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဆော်ဒီ ကျောထောက်နောက်ခံပြု ယီမင်အစိုးရတပ်က ဟူသီအဖွဲ့ ထိန်းချုပ်ထားတဲ့ ဒေသတွေကို စစ်မျက်နှာပေါင်းစုံကနေ ပြန်လည် ထိုးစစ်ဆင်ခဲ့တာပါ။
အစိုးရတပ်ကတော့ ဟူသီအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နယ်မြေအားလုံးကို ပြန်သိမ်းဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။
Source: Reuters











