DVB Logo
Home
မြန်မာသတင်း
သမ္မတအပါအ၀င် ပြည်ထဲရေးနှင့် ပြန်ကြားရေးသတင်း မဖော်ပြရန် ကြိုးပမ်း
DVB
·
March 14, 2015
သမ္မတအပါအ၀င် ပြည်ထဲရေးနှင့် ပြန်ကြားရေးသတင်း မဖော်ပြရန် ကြိုးပမ်း
Donate to DVB

နိုင်ငံတော်သမ္မတအပါအ၀င် ပြည်ထဲရေးနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့နဲ့ သက်ဆိုင်တဲ့ သတင်းတွေ မထုတ်ပြန် မဖော်ပြဖို့ မြန်မာဂျာနယ်လစ်ကွန်ရက်က တိုက်တွန်းနှိုးဆော်လိုက်ပါ တယ်။

ဒါ့အပြင်  မတ်လထဲကျင်းပမယ့် သမ္မတနဲ့ ပြန်ကြားရေးဝန်ကြီးတို့ တက်ရောက်ဖို့ရှိတဲ့  မီဒီယာညီလာခံတခုကို မြန်မာသတင်းသမားများ မတက်ဘဲ သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဂျာနယ်လစ်ကွန်ရက်က ကိုအောင်သူရက ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ သတင်းသမားတွေကို ခြိမ်းခြောက် ရိုက်နှက်ဖမ်းဆီးတာမျိုး လုပ်တာကို လက်မခံဘူးဆိုတာ နိုင်ငံတကာသိအောင်နဲ့ ပြည်တွင်းက သက်ဆိုင်သူတွေသိအောင် တုံ့ပြန်တဲ့သဘောနဲ့ လုပ်တာပါ။”

ဒီနေ့ကစပြီး သတင်းစာ ဂျာနယ်တိုက်တွေကို လိုက်လံစည်းရုံးပြောဆိုရာမှာ သတင်းစာတိုက်အတော်များများက လက်ခံသဘောတူထားကြတယ်လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတ၊ ပြည်ထဲရေးနဲ့ ပြန်ကြားရေးဌာနသတင်းတွေကို သတင်းစာဂျာနယ်တွေမှာ ရက်အကန့်အသတ်တခုထားပြီး မဖော်ပြဘဲ စာမျက်နှာလွတ်ထားကာ အဲ့ဒီအလွတ်စာမျက်နှာမှာ ဘာ့ကြောင့် ဒီ သတင်း မဖော်ပြရသလဲဆိုတာကို ရှင်းပြတဲ့စာသား ဖော်ပြသွားမှာ ဖြစ်ပါတယ်။

သတင်းစာဂျာနယ်တိုက်တချို့က တပတ်၊ တချို့က တလ မဖော်ပြဖို့ ဆန္ဒပြုကြပြီး လာမယ့် မတ် ၁၇ ရက်မှာ အများသဘောတူတဲ့ ရက်ကန့်သတ်ချက် သတ်မှတ်ပြီး အစောဆုံး မတ် ၁၈ ရက်နေ့ကစလို့ လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။

မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွင်းမှုအတွင်း ရဲတပ်ဖွဲ့က သတင်းသမားတွေကို ရန်ပြုခြင်း၊ဖမ်းဆီးရိုက်နှက်ခြင်းတို့ လုပ်ဆောင်ခဲ့ကြပါတယ်။

မြန်မာဂျာနယ်လစ်ကွန်ရက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မတ်လဆန်း အလုပ်သမားဆန္ဒပြမှု၊ မြို့တော်ခန်းမရှေ့ ဆန္ဒပြမှု၊ လက်ပံတန်း ကျောင်းသားဆန္ဒပြမှုတွေမှာ သတင်းသမားများဖြစ်ကြောင်းသိလျက်နှင့် ရိုက်နှက် ထိန်းသိမ်းခြင်းတွေ ပြုလုပ်ခဲ့ခြင်းအတွက် တာဝန်ရှိတဲ့ နိုင်ငံတော် သမ္မတ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အဲ့ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး မုသားတ၀က် သတင်းဖော်ပြမှုများ လုပ်ဆောင်ခဲ့တဲ့ ပြန်ကြားရေး ၀န်ကြီးဌာနတို့ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်းကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013