DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူ-စစ်တွေ သင်္ဘော နစ်မြုပ်၊ ၁၀၀ ကျော်သေဆုံး
DVB
·
March 14, 2015
ကျောက်ဖြူ-စစ်တွေ သင်္ဘော နစ်မြုပ်၊ ၁၀၀ ကျော်သေဆုံး
1 / 2
Donate to DVB

ကျောက်ဖြူ ဆိပ်ကမ်းကနေ စစ်တွေကိုသွားတဲ့ အောင်တံခွန် ၃ သင်္ဘောဟာ မနေ့ည ၈ နာရီလောက်က  မြေပုံမြို့နယ် ငပယုန်ကျွန်းနှင့် မြောက်ကျွိန်ကျွန်းအနီး အရောက်မှာ ရုတ်တရက် လှိုင်းပုတ်ပြီး တိမ်းစောင်းနစ်မြုပ်ခဲ့ပါတယ်။

ဒီသဘောင်္ပေါ်မှာ လူဦးရေ ၃၀၀ လောက် လိုက်ပါသွားပြီး ၁၇၀ လောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ကျောက်ဖြူမြို့ခံ သတင်းသမား ကိုထွန်းထွန်းနိုင်က ပြောပါတယ်။

“လောလောဆယ်တော့ မနက် ၉ နာရီ ၂၀ လောက်ထိ အဲ့ဒီကိုသွားပြီး ကယ်ဆယ်ရေးလုပ်နေသူ ပြောတာကတော့ အလောင်း ၁၀၀ ကျော် ရထားပြီးပြီ၊ ၁၇၀ ကျော်ကတော့ အသက်ရှင်လျက် တွေ့တယ်တဲ့။ ခရီးသည် ၃၀၀ ကျော်လောက် ပါသွားတယ်ပြောတယ်။”

unnamed၁သင်္ဘောနစ်မြုပ်မှုနဲ့ ပတ်သက်ပြီး အစိုးရကလည်း သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်အထိ ခရီးသည် ၁၆၇ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျား ၂ ဦး၊ မ ၁၉ ဦး အပါအဝင် ၂၁ ဦးရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူရရှိခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကျွိန်ကျွန်းရွာမှ ဒေသခံ ရွာသူ၊ ရွာသားတွေနဲ့ ကျောက်ဖြူခရိုင် တာဝန်ရှိသူတွေ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့နဲ့ ကြက်ခြေနီတပ်ဖွဲ့တွေက ကူညီကယ်ဆယ်မှုတွေ လုပ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ - ထွန်းထွန်းနိုင် (ကျောက်ဖြူ စီဂျေ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013