DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲအောင်နိုင်ပြီး အစိုးရဖွဲ့စည်းနိုင်ရေး ညီနောင်တိုင်းရင်းသားပါတီများပြင်ဆင်
DVB
·
March 13, 2015
ရွေးကောက်ပွဲအောင်နိုင်ပြီး အစိုးရဖွဲ့စည်းနိုင်ရေး ညီနောင်တိုင်းရင်းသားပါတီများပြင်ဆင်
Donate to DVB

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရပြီး ပြည်နယ်အစိုးရဖွဲ့စည်း နိုင်ရေးအတွက် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်)က အောင်နိုင်ရေး ကော်မတီဖွဲ့စည်း ပြင်ဆင်ဆောင်ရွက်နေပါတယ်။

ဖက်ဒရေးရှင်းမှာပါဝင်တဲ့ တိုင်းရင်းသားပါတီပေါင်း ၂၂ ခုက လွှတ်တော်ကိုယ်စားလှယ်တွေဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကျရင် မိမိသက်ဆိုင်ရာ တိုင်းရင်းသား နယ်မြေတွေမှာရော အခြားတိုင်းနဲ့ပြည်နယ်တွေမှာပါ အနိုင်ရရှိရေးအတွက် ရည်ရွယ်လုပ်ဆောင်နေတာလို့ အန်ဘီအက်ဖ် ဒုဥက္ကဋ္ဌ ဦးစောသန်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

‘လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကျနော်တို့ အန်ဘီအက်ဖ်ဟာ မြန်မာပြည်မှာ လွှတ်တော်ကိုယ်စားလှယ်ရဲ့အင်အား အများဆုံးရတဲ့ပါတီဖြစ်အောင် ကြိုးစားနေတယ်။ ရလည်းရလိမ့်မယ်လို့ သေချာပေါက်မျှော်လင့်တယ်။ ကျန်တဲ့အင်အားကြီးပါတီတွေ ဘယ်လောက်ဘဲရှိရှိ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော် အရပ်ရပ်မှာ ကျနော်တို့ အင်အားအကြီးဆုံးဖြစ်အောင်လုပ်မယ်။ ကျနော်တို့ အန်ဘီအက်ဖ်မပါဘဲနဲ့ ကျနော်တို့ အန်ဘီအက်ဖ်နဲ့မတွဲဘဲနဲ့ ဘယ်သူမှအစိုးရဖွဲ့နိုင်တဲ့ အနေအထားမရှိဘူး။ ဗဟိုအစိုးရအဖွဲ့မှာပေါ့နော်။ ပြီးတော့ ပြည်နယ်နဲ့တိုင်းအသီးသီးမှာ အထူးသဖြင့် ပြည်နယ် ၇ ခုမှာ ကျနော်တို့ တိုင်းရင်းသားပါတီအားလုံးကဘဲလွှတ်တော်မှာ လွှမ်းမိုးရမယ်။ ပြီးရင် ပြည်နယ်အစိုးရကို ကျနော်တို့က ဖွဲ့စည်းနိုင်ရမယ်။’

ခုနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ရှိတဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ညီနောင်တိုင်းရင်း သားများဖက်ဒရေးရှင်းအဖွဲ့ဝင် ပါတီပေါင်း ၂၂ ခုက ကိုယ်စားလှယ်တွေအနေနဲ့ ပြည်နယ် ၇ ခုအပြင် စစ်ကိုင်း၊ မန္တလေးနဲ့ တနင်္သာရီ စတဲ့ တိုင်းဒေသကြီး ၃ ခုမှာပါ ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
အန်ဘီအက်ဖ်ဟာ တိုင်းရင်းသားပါတီတွေ သူ့ပြည်နယ်နဲ့ သူအနိုင်ရရှိစေဖို့ ၀ိုင်းဝန်းဆောင်ရွ က်ပေးနေတာမှာ ပြီးခဲတဲ့ အင်္ဂါနေ့က ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ၉ ဦးရဲ့ အကြိုအစည်းအဝေးကျင်းပပြီးေ၇ွးကောက်ပွဲအတွက် ပြင်ဆင်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ပါတယ်။
အဲဒီလုပ်ငန်းစဉ် ၆ ချက်မှာ ရွေးကောက်ပွဲမူဝါဒဆိုင်ရာ အချက်အလက်တွေ ချမှတ်ခြင်းနဲ့ လက်ကမ်း စာစောင်ထုတ်လုပ်ပြီး ပြည်သူတွေကြားဖြန့်ဝေခြင်း၊ လုပ်ငန်းစဉ်များ စောင့်ကြည့်ခြင်း၊ ပြည်နယ်အလိုက်ကွင်းဆင်းပြီး ညီညွတ်ရေးအင်အားပြခြင်း၊ စည်းရုံးခြင်း၊ ရွေးကောက်ပွဲလုပ်တဲ့အခါ မဲဆန္ဒနယ်မြေတွေ ထပ်နိုင်တဲ့အတွက် တိုင်းရင်းသားပါတီ အချင်းချင်းကြား မဲဆန္ဒနယ်မြေ ညှိနှိုင်းဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲမဟာဗျူဟာရေးဆွဲခြင်းနဲ့ လိုအပ်တဲ့ ငွေကြေးရံပုံငွေများရှာဖွေခြင်း စတဲ့အချက်တွေ ပါဝင်တယ်လို့ ဦးစောသန်းမြင့်က ပြောပါတယ်။
အန်ဘီအက်ဖ် လို့ခေါ်တဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းမှာ ကချင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ တအာင်း၊ ပအိုဝ်း၊ ကိုးကန့်၊ ၀၊ အင်း၊ လီဆူ၊ ဓနု၊ ကယား၊ ကရင်၊ ထားဝယ်၊ အရှိုချင်း အစရှိတဲ့ တိုင်းရင်းသား ပါတီပေါင်း ၂၂ ပါတီ အဖွဲ့ဝင်အဖြစ်ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013