DVB Logo
Home
နိုင်ငံတကာ
အစ္စရေးက ယူအေအီးကို Iron Dome စနစ်နှင့် တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့
DVB
·
April 27, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အီရန်နဲ့ စစ်ပွဲအစောပိုင်းကတည်းက အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကို အစ္စရေးရဲ့ သံကွန်ခြာ (Iron Dome) လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ အဲဒီစနစ်ကို ကိုင်တွယ်ဖို့ တပ်ဖွဲ့တွေ စေလွှတ်ခဲ့တယ်လို့ Axios သတင်းဌာနက ဖွင့်ချလိုက်ပါတယ်။

အစ္စရေးတာဝန်ရှိသူ ၂ ယောက်နဲ့ အမေရိကန်တာဝန်ရှိသူတယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြခဲ့တာပါ။

စစ်ပွဲကာလမှာ အီရန်ဟာ ယူအေအီးကို ပဲ့ထိန်းဒုံးကျည်နဲ့ ခရုဇ်ဒုံးကျည် ၅၅၀ လောက်အပြင် ဒရုန်းအစင်း ၂,၂၀၀ ကျော် ပစ်ခတ်ခဲ့ပါတယ်။

ဒီလို ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကြောင့် ယူအေအီးသမ္မတ မိုဟာမက် ဘင်ဇာယတ်က မဟာမိတ်တွေဆီကနေ အကူအညီ တောင်းခံခဲ့တာပါ။

ဒါကြောင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက Iron Dome စနစ်နဲ့ တပ်ဖွဲ့ဝင်တွေကို စေလွှတ်ဖို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ကို အမိန့်ပေးခဲ့ပါတယ်။

တခြားနိုင်ငံတနိုင်ငံဆီ Iron Dome စနစ် စေလွှတ်တာဟာ အစ္စရေးအတွက် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒီစနစ်ဟာ အီရန်ရဲ့ ဒုံးကျည်အစင်းပေါင်းများစွာကို ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စရေး တာဝန်ရှိသူတယောက်က ပြောပါတယ်။

အရေးပါတဲ့အချိန်မှာ ပေးအပ်တဲ့ အစ္စရေးရဲ့ အကူအညီကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူးလို့ ယူအေအီးတာဝန်ရှိသူတယောက်က Axios သတင်းဌာနကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013