DVB Logo
Home
နိုင်ငံတကာ
အီရန်နှင့်ဆွေးနွေးပွဲသစ်စမည်ဟု ထရမ့်ပ်ပြော
DVB
·
August 4, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အီရန်အပေါ် အကြီးစားတိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားခဲ့အပြီးမှာ သြဂုတ် ၃ ရက် ညနေမှာ ဆွေးနွေးမှုတွေ ပြန်စမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

သဘောတူညီချက်တခု ရရှိဖို့ရှိနေတာကြောင့် တိုက်ခိုက်မှုတွေ မလုပ်ဖို့ အရှေ့အလယ်ပိုင်းက မဟာမိတ်တွေနဲ့ အီရန်က တောင်းဆိုခဲ့တယ်လို့ ထရမ့်ပ်က Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ ကာတာနိုင်ငံတို့ကလည်း သြဂုတ် ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ တိုက်ခိုက်မှုတွေ မလုပ်ဖို့ သူ့ကို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

ဟော်မုဇ်ရေလက်ကြားနဲ့ပတ်သက်ပြီး သဘောတူညီချက်ရထားသလို နျူကလီးယားကိစ္စ အတွက်လည်း သဘောတူညီချက် ရလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီကြေညာချက်ထွက်ပေါ်လာပြီးနောက် အာရှဈေးကွက်မှာ ဘရန့်ရေနံစိမ်းဈေးနှုန်းတွေ ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး တစည်ကို ၈၃ ဒသမ ၉၈ အမေရိကန်ဒေါ်လာအထိ ရောက်ရှိသွားပါတယ်။

ဒါပေမဲ့ စစ်ရေးအရမတိုက်ခိုက်ဖို့  အမေရိကန်ကို အီရန်ဘက်က တောင်းဆိုခဲ့တယ် ဆိုတာဟာ လိမ်ညာမှုသက်သက်သာဖြစ်တယ်လို့ အီရန်သတင်းဌာနတခုက ငြင်းဆိုထားပါတယ်။

ရန်သူတွေရဲ့ ခြိမ်းခြောက်မှုမှန်သမျှကို အီရန်က အလေးအနက်ထားပြီး အငိုက်မိခံမှာမဟုတ်သလို ငြိမ်သက်နေမှာလည်း မဟုတ်ဘူးလို့ အီရန်ယာယီကာကွယ်ရေးဝန်ကြီး မာဂျစ် အီဘင် အယ်လ်ရေဇာက ပြောပါတယ်။

အီရန်အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ငြင်းဆန်ခဲ့ရင် အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးပစ်မယ်လို့ ဧပြီ ၇ ရက်တုန်းကလည်း အမေရိကန်သမ္မတက ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013