DVB Logo
Home
Lead Story
သမ္မတပညာသင်ဆု ရေးဖြေအောင်သွားသည့် ဇွန်သဉ္ဇာနှင့် မေးမြန်းချက်
DVB
·
March 13, 2015
သမ္မတပညာသင်ဆု ရေးဖြေအောင်သွားသည့် ဇွန်သဉ္ဇာနှင့် မေးမြန်းချက်
Donate to DVB

သမ္မတက ချီးမြင့်တဲ့ ပညာတော်သင်ဆုရေးဖြေစာမေးပွဲကို သရုပ်ဆောင်နဲ့ မော်ဒယ် ဇွန်သဉ္ဇာက အောင်မြင်သွားပါတယ်။ ဒီအတွက် နှုတ်ဖြေဖြေဆိုပြီးရင်တော့ သတ်မှတ်ထားတဲ့ နိုင်ငံမှာ ပါရဂူဘွဲ့ကို တက်ရောက်ရမှာ ဖြစ်ပါတယ်။ ဇွန်သဉ္ဇာဟာ အင်ဂျင်နီယာ မဟာဘွဲ့(ME)ကို သတင်းနဲ့ နည်းပညာအထူးပြုနဲ့ ရရှိထားသူ ဖြစ်ပါတယ်။ ဇွန်သဉ္ဇာကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

သမ္မတကြီးရဲ့ ပညာတော်သင်ဆု အောင်စာရင်းမှာ ပါတယ်ကြားလို့ပါ။
“ဟုတ်ကဲ့၊ ဒီပညာတော်သင်ဆုက သတင်းစာထဲကနေခေါ်တယ်၊ ရိုးရိုးဘွဲ့အောင်တဲ့သူတွေ ဆိုရင် မဟာဘွဲ့တက်ဖို့၊ မဟာဘွဲ့အောင်ပြီးသား ဆိုရင် ပါရဂူဘွဲ့ကို တက်ရောက်ဖို့ပေါ့နော်၊ ပညာသင်ဆုအတွက် လျှောက်လို့ရတယ်ဆိုတော့ အမေကနေပြီးတော့ သူ့သမီးကို ဖြစ်စေချင်တော့ သူဘာသာသူ ဖောင်တွေသွားယူ သူဘာသာသူ ဆာတီဖိဂိတ် (အောင်လက်မှတ်)တွေ တင်ပေးပြီးတော့ ခုံနံပါတ်ထွက်လာတာပေါ့နော်၊ ၀င်ဖြေခွင့်ပေါ့၊၊ သွားဖြေတယ်၊ ဖြေမယ့်နေအထိတောင် ကိုယ့်ဟာကိုယ် ဖြေရင်ကောင်းမလား မဖြေရင် ကောင်းမလားပေါ့၊ ဒါပေမယ့်လည်း အမေကိုလည်း အားနာတော့ အမေက လုပ်ပေးထားတော့၊ ဖြေမယ့်နေ့အထိကို နောက်ကျပြီး ရောက်သွားသေးတယ်။ ဟိုဖြေရမလား မဖြေရဘူးလား လုပ်နေတာနဲ့၊ ဟိုမှာကျတော့ ဖြေတာက ကွန်ပြူတာနဲ့ အင်္ဂလိပ် အရည်အသွေး ၄ ခုကို စစ်တာ၊ ကွန်ပြူတာနဲ့ပေါ့နော်၊ ဗြိတိသျှကောင်စီမှာ စစ်တဲ့ပုံစံမျိုးနဲ့ပဲ၊ ကွန်ပြူတာနဲ့ဘဲ တဆင့်ပြီးတဆင့် မော်ကျူးးအလိုက် စစ်သွားတယ်။ ပြီးသွားတော့ အချိန်စေ့သွားရင် ကွန်ပြူတာကပဲ ဆေ့လုပ် ရလဒ်ကို အွန်လိုင်းချိတ်ပြီးပို့တာပေါ့။ အင်္ဂလိပ်အရည်အသွေး ၄ ခုကို အဓိကပေါ့၊ အခု ပထမအသုတ်ကို အောင်စာရင်းထွက်တယ်၊ အယောက် ၁၀၀ ကျော်လား ၂၀၀ ကျော်လား မသိဘူးပါတယ်၊ ၀င်ဖြေတာ ၅ ထောင် ၆ ထောင်ရှိမယ်ထင်တယ်၊ ပြီးတော့ ဒုတိယအသုတ်ထွက်တယ်။ အခု တတိယအသုတ်မှာ ပါတာပေါ့၊ ဇွန့်ခုံနံပါတ်နဲ့ နာမည် တွေ့တယ်ဆိုပြီးတော့ အွန်လိုင်းသူငယ်ချင်းတွေ အရင်လာပြောတော့မှ သိတာ၊ စာတွေ့အောင် သွားပြီပေါ့နော်၊ စာတွေ့အောင်သွားပြီဆိုတော့ လူတွေ့အဆင့်အတွက်ကို ကျန်သေးတယ်။”

တကယ်လို့ အောင်သွားပြီးရင်တော့ ဘာများဆက်တက်သွားဖို့ရှိလဲ။
“လူတွေ့ကျန်တယ်။ လူတွေ့အောင်သွားပြီးလို့ရှိရင်တော့ အဲဒီဝက်ဆိုဒ်မှာ ရေးထားတယ်။ ကြည့်မရတော့ သေချာမသိဘူး။ အဲဒီမှာ ပြောသလောက်ကတော့ အမှတ်အလိုက်ခွဲပြီးတော့ သူတို့ ချိတ်ထားတဲ့ နိုင်ငံတွေကို ခွဲပြီးလွှတ်မှာပေါ့နော်၊ ဟိုနိုင်ငံမှာ မာစတာဆိုလည်း မာစတာဘွဲ့ ဆက်သင် ဒေါက်တာဆိုလည်း ဒေါက်တာဘွဲ့ဆက်သင်ပေါ့၊ ဟိုနိုင်ငံမှာ ပါရဂူဘွဲ့ကို အစိုးရ ပညာသင်စရိတ်နဲ့ယူပေါ့။ ပြန်လာပြီးတော့နိုင်ငံအတွက် အလုပ်လုပ်ပေးရမယ်။ ဒါပေမယ့် အခုလူတွေ့သွားတွေ့လို့ အောင်သွားခဲ့ရင်တောင်မှ နိုင်ငံခြားသွားပြီး ဆက်လုပ်ဖြစ် မလုပ်ဖြစ်ဖို့က မသေချာသေးဘူး။ အမေက ၀င်ဖြေခိုင်းလို့ ကိုယ်လည်း ကိုယ့်အရည်အချင်းကို ကိုယ်သိချင်လို့ ၀င်ဖြေကြည့်တဲ့ သဘောမျိုးလေးပါဘဲ။ တကယ်တမ်းသွားပြီးတက်ဖို့က ဒေါက်တာဘွဲ့ရဖို့က အနည်းဆုံး ၅ နှစ်၊ ၃ နှစ် အချိန်ပေးပြီး တက်ရမယ်၊ ဒီမှာပြန်လာပြီး အလုပ်လုပ်ပေးရမှာနဲ့ဆိုတော့ ၄၊ ၅၊ ၆နှစ်တော့ ကြာသွားမှာပေါ့၊ အဲဒါဆိုရင်တော့ ဇွန်ရဲ့ အနုပညာ အလုပ်က ရပ်သွားမှာပေါ့၊ ပြန်လာပြီးမှ လုပ်ဖို့ကြတော့လည်း အသက်အရွယ်က ကြီးသွားပြီဆိုတော့ ဖြစ်နိုင်မှာတော့ မဟုတ်ဘူးပေါ့၊ အခု လက်ရှိအနေအထားနဲ့ ကြတော့ ပညာရေးကို ပြန်ပြီးလုပ်ဖို့ကြတော့ နည်းနည်း သိပ်ပြီးတော့ စိတ်မပါတော့ဘူး၊ အောင်တယ်ဆိုတော့ ၀မ်းသာလို့ ဒီအတိုင်းတင်လိုက်ကြည့်တာပါ၊ သွားဖြစ်မသွားဖြစ်ကတော့ မသေချာသေးဘူး၊ တထစ်ချတော့ ပြောလို့မရသေးဘူးပေါ့၊”

ပညာသင်ဆု အောင်စာရင်းမှာပါတာနဲ့ တခြားဘာများဖြည့်စွက်ပြောလိုပါလဲ။
“အဓိကကတော့ အမေကို ကျေးဇူးတင်ပါတယ်၊ အမေရဲ့ မေတ္တာတရား သူရဲ့ စေတနာကြောင့်ပဲ ဒီစာမေးပွဲရှိတယ်ဆိုတာ အမေပဲသိတာ၊ သတင်းစာ အမြဲယူတော့ သတင်းစာထဲကနေ တွေ့တယ်။ သွားလျှောက်ပေးတယ်။ သွားယူပေးတယ်၊ သူကိုယ်တိုင်ပဲ အတင်းသွားဖြေခိုင်းလို့ အမေ့ကျေးဇူးပေါ့။ အမေကိုပဲ ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။”

ဓာတ်ပုံ - ဇွန်သဉ္ဇာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013