DVB Logo
Home
Lead Story
လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲမှုအတွင်း ဖမ်းဆီခံသတင်းထောက် ၂ ဦး လွတ်မြောက် (မေးမြန်းချက်)
DVB
·
March 13, 2015
လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲမှုအတွင်း ဖမ်းဆီခံသတင်းထောက် ၂ ဦး လွတ်မြောက် (မေးမြန်းချက်)
1 / 3
Donate to DVB

လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲမှုအတွင်း အဖမ်းခံခဲ့ရတဲ့ သတင်းထောက် ၂ ယောက် မတ်လ ၁၃ ရက် မွန်းလွဲပိုင်းက ပြန်လွတ်မြောက်ခဲ့ပါတယ်။

မြန်မာပို့စ်ဂျာနယ်သတင်းထောက် ကိုဥာဏ်လင်းထွန်းနဲ့ ရီပို့တာဂျာနယ်သတင်းထောက် ကိုဖြိုးအောင်မြင့်တို့ ၂ ယောက်ဟာ ကျောင်းသားတယောက်နဲ့အတူ ပြန်လွတ်လာတာဖြစ်ပြီး သူတို့ ၂ ယောက်စလုံးဟာ ကျောင်းသားတွေနဲ့အတူ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာပို့စ်ဂျာနယ်သတင်းထောက် ကိုဥာဏ်လင်းထွန်းက သူ့ကိုဖမ်းစဉ် သတင်းထောက်လို့ ပြောတာကိုပင် သတင်းထောက်လဲဖမ်း ဒီကောင်တွေ ဖွတာဆိုပြီး ဖမ်းတဲ့အကြောင်း၊ တိုင်းဒုရဲမှူးကြီးနန္ဒ၀င်းကိုယ်တိုင် သူ့ဖုန်းကိုသိမ်းပြီး ဖွတဲ့ကောင်ဖမ်းဆိုပြီး ဖမ်းဆီးခဲ့တဲ့ အကြောင်း၊ အေးအေးသက်သာ အဖမ်းခံခဲ့ပေမယ့် ဘုန်းကြီးကျောင်းထဲမှာ ပုံစံထိုင်ခိုင်းပြီး ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြရာမှာ ၀ိုင်းရိုက်တဲ့ရဲတွေဟာ သူတို့ကို အမျိုးမျိုးလှောင်ပြောင်ပြီး အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့ကြကြောင်း ပြောပါတယ်။

မြန်မာပို့စ်ဂျာနယ်သတင်းထောက် ကိုဥာဏ်လင်းထွန်းကို သာယာဝတီထောင်က လွတ်လာလာချင်း ဒီဗွီဘီက ဆက်သွယ်မေးမြန်းခွင့် ရခဲ့ပါတယ်။

သတင်းထောက်နှစ်ယောက်စလုံးကို ကွင်းလုံးကျွတ်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

[gallery ids="85527,85526,85525"]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013