DVB Logo
Home
မြန်မာသတင်း
အလုံရဲစခန်းတွင်ဖမ်းထားသည့် ဗကသ ကျောင်းသားများကို ထောက်လှမ်းရေးခေါ်ဆောင်
DVB
·
March 13, 2015
အလုံရဲစခန်းတွင်ဖမ်းထားသည့် ဗကသ ကျောင်းသားများကို ထောက်လှမ်းရေးခေါ်ဆောင်
1 / 5
Donate to DVB

ပြီးခဲ့တဲ့ ညသန်းခေါင်ကျော်က ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ခေါင်းဆောင်တွေကို အလုံရဲစခန်းမှာ စစ်ဆေးမေးမြန်းနေရာက တိုင်းထောက်လှမ်းရေးက ခေါ်ဆောင်သွားတယ်လို့ အလုံရဲစခန်း ကပြောပါတယ်။

အလုံမြို့နယ်ရဲစခန်းက တာဝန်ကျရဲတပ်ဖွဲ့ဝင်တဦးက ‘ထလနိုင်က ပြန်ခေါ်သွားပြီခင်ဗျ၊။ ကျောင်းသားတွေအကုန်လုံးကို တိုင်းထလနိုင်ကပါ။ တိုင်းထောက်လှမ်းရေးနဲ့ နိုင်ငံရေးသတင်းအဖွဲ့က ပြန်ခေါ်သွားတာ၊  အကုန်လုံးကို။  အခု စခန်းမှာတစ်ယောက်မှ မရှိပါဘူး။ သူတို့ကို တိုင်းကအဖွဲ့တွေကခေါ်လာပြီး တိုင်းကအဖွဲ့တွေကပဲ ပြန်ခေါ်သွားပါတယ်။ အလုံမြိုနယ်ထဲက ခေါ်လာတဲ့အတွက် နေရာခဏသုံးတဲ့ပုံစံပဲ၊ သူတို့ဘာသူတို့ပဲ စစ်ဆေးတယ်၊ သူတို့ပဲ အကုန်ပြန်ခေါ်သွားတာ၊ မနက် ၁၁ နာရီနဲ့ ၁၂ ကြားလောက်မှာ”လို့ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေကို အလုံရဲစခန်းမှာ အမှုဖွင့်ခဲ့ခြင်းမရှိတဲ့ဘူးလို့လည်း တာဝန်ကျရဲက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်းသူ မဟန်နီဦးရဲ့ ဖခင် ဦးထွန်းဦးကတော့  ကျောင်းသားတွေကို ရဲစခန်းအနောက်ပေါက်ကနေ ရဲကားနဲ့ခေါ်ထုတ်သွားတာလို့ ပြောပါတယ်။

‘ကျနော်တို့ တွေ့လိုက်ရတာက မနက် ၈ နာရီဝန်းကျင်လောက်ကပါ။ မနက်ပိုင်း စားစရာ လေးတွေဘာလေးတွေကို သူတို့ကို ပေးခွင့်လည်းပေးတယ်။  တွေ့ခွင့်လည်း ပေးတယ်။ ဟန်နီဦးက ဘာပြောလဲဆိုရင် ည၁၂နာရီထဲက မနက် ၆ နာရီအထိ သူတို့ကို စစ်နေတော့ တာပဲတဲ့။ နောက်ဆုံးအခြေအနေကတော့ ၁၀ နာရီကျော်ကျော်လောက်မှာ သူတို့ကို အနောက်ပေါက်ကနေပြီးတော့ နေပြည်တော်မှတ်ပုံတင်ထားတဲ့ရဲကားနဲ့ခေါ်ထုတ်သွားတယ်၊ ကျနော်တို့မသိလိုက်ဘူး။ မေးရင်လည်းဘယ်ပို့တယ်ဆိုတာ မပြောဘူးအလုံရဲစခန်းက၊ ဘယ်ကိုပို့တယ် ဘယ်မှာရှိတယ်ဆိုတာ၊ ကျန်ာတို့ မေးတဲ့အခါမှာ ဘယ်ပုဒ်မနဲ့ မှမဆွဲရသေးပါဘူးလို့ပြောတယ်။ အဲဒီတော့ ဘယ်လိုနားလည်ရမှန်းမသိဘူး။ နောက်ပြီးတော့ ရဲစခန်းကြီးမှာရှိနေတာကို ကိုယ်တိုင်လည်းတွေ့လိုက်ရပြီးတော့ နောက်ကျတော့ ပျောက်သွားတယ်။  ပျောက်သွားတော့ မသိဘူးလို့လည်းပြောတယ်၊ အဲဒီတော့ ကျနော်တို့ အနေနဲ့ ဘာပြောရမလဲ စဉ်းသာစဉ်းစားကြည့်ပါဗျာ’ လို့ပြောပါတယ်။

ကျောင်းသားတွေကို ခေါ်ဆောင်သွားတဲ့ ထောက်လှမ်းရေးနဲ့နိုင်ငံရေးသတင်းအဖွဲ့ (ထလန)ဟာ  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ရုံးဖွင့်လှစ်ထားတာဖြစ်လို့ ကျောင်းသားမိဘတွေက သွားရောက်မေးမြန်းခဲ့ပေမယ့် သတင်းအစအနမရဘူးလို့ပြောပါတယ်။

ဗကသ ဒု-ဥက္ကဋ္ဌ ကိုမိုးထက်နေ၊ ဗကသ ဗဟိုလုပ်ငန်းကော်မတီဝင်  ကိုသီဟ၀င်းတင်၊ မဟန်နီဦး၊ မန္တလေး ဗကသက ကိုဇန်ဇန်နဲ့ သတင်းထောက် ကိုဖြိုးဟိန်းကျော်တို့ကို မတ်လ ၁၂ ရက်ည သန်းခေါင်းကျော်က အလုံမြို့နယ်နေအိမ်တခုကနေ ဧည့်စာရင်းစစ်မယ်ဆိုပြီး  ဖမ်းဆီးသွားခဲ့တာပါ။

ကိုဇန်ဇန်နဲ့ သတင်းထောက်ကိုဖြိုးဟိန်းကျော်တို့ကတော့  ဒီကနေ့မနက်ပိုင်းမှာ ပြန်လွတ်သွားပြီ လို့ မဟန်နီဦးရဲ့ဖခင်ကပြောပါတယ်။

[gallery ids="85509,85510,85511,85512,85513"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013