DVB Logo
Home
မြန်မာသတင်း
ဗကသ ကျောင်းသားခေါင်းဆောင် ၄ ဦးကို အလုံရဲစခန်းတွင် ဖမ်ဆီးစစ်ဆေး
DVB
·
March 13, 2015
ဗကသ ကျောင်းသားခေါင်းဆောင် ၄ ဦးကို အလုံရဲစခန်းတွင် ဖမ်ဆီးစစ်ဆေး
Donate to DVB

အမျိုးသားပညာရေးဥပဒေကိုကန့်ကွက်သပိတ်မှောက်ခဲ့ကြတဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု  ဦးဆောင်ကော်မတီထဲက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က (ဗကသ) ခေါင်းဆောင် ၄ ဦးကို  ရန်ကုန်မြို့ အလုံရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပါတယ်။

ပြီးခဲ့တဲ့ ညသန်းခေါင်ကျော်က  အလုံမြို့နယ်က နေအိမ်တစ်ခုမှာ ရဲတပ်ဖွဲ့က ဧည့်စာရင်း စစ်မယ်ဆိုပြီး ၀င်ရောက်ဖမ်းဆီး ထိန်းသိမ်းသွားခဲ့တာလို့ မိသားစုက ပြောပါတယ်။

အလုံမြို့နယ် ရဲစခန်း တာဝန်ကျရဲတပ်ဖွဲ့ဝင်တဦးက  ယောက်ျားလေး ၄ ယောက်၊ မိန်းခလေး ၁ ယောက်၊ အားလုံးပေါင်း ၅ ယောက်ကို ဖမ်းဆီးစစ်ဆေးမေးမြန်းနေတယ်လို့  ဒီဗွီဘီကို ပြောပါတယ်။ ဒါပေမယ့် စစ်ဆေးနေဆဲဖြစ်လို့  အသေးစိတ်ပြောပြလို့ မရသေးဘူးလို့ လည်းပြောပါတယ်။

ညကဖမ်းဆီးခံခဲ့ရသူ ၅ ဦးကတော့  ဗကသ ဒုဥက္ကဋ္ဌ ကိုမိုးထက်နေ၊ ဗကသ ဗဟိုလုပ်ငန်းကော်မတီဝင်  ကိုသီဟ၀င်းတင်၊ မဟန်နီဦး၊ ကိုဇန်ဇန်နဲ့ အေအက်ဖ်ပီ သတင်းဌာနက  သတင်းထောက်တဦးတို့ ဖြစ်ပါတယ်။

သတင်းထောက်ကိုတော့ ဒီကနေ့မနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီး ကျောင်းသားတွေကိုတော့ ဆက်လက် စစ်ဆေးနေဆဲဖြစ်ပါတယ်။

ပဲခူးတိုင်း လက်ပံတန်းမှာ  ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းက ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းဖမ်းဆီးခဲ့ပြီး မနေ့ကတော့ ကျောင်းသား ကျောင်းသူ ၁၇  ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013