DVB Logo
Home
မြန်မာသတင်း
ဩဂုတ်လအတွင်း စစ်တပ် အကြမ်းဖက်မှုကြောင့် ပြည်သူ ၂၄၀ ကျော် သေဆုံး
DVB
·
September 27, 2026
Photo: CNC
Photo: CNC
Donate to DVB

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်အာဏာရှင်တပ်ဘက်ရဲ့ အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတဝန်း အရပ်သား ၂၄၁ ယောက် သေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး၀န်ကြီးဌာနက စက်တင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အရပ်သား သေဆုံးသူ ၂၄၁ ယောက်၊ ဒဏ်ရာရရှိသူ ၃၇၁ ယောက်၊ ကလေး သေဆုံးသူ ၂၃ ယောက်၊ နေအိမ်ဖျက်ဆီးခံရမှု ၆၀၅ လုံး၊ ဘာသာရေးအဆောက်အအုံဖျက်ဆီးခံရမှု ၉ လုံး၊ ပညာရေး အဆောက်အအုံ ဖျက်ဆီးခံရမှု ၅ လုံးရှိပြီး  စစ်အာဏာရှင်တပ်ရဲ့ အကြမ်းဖက်မှုဖြစ်စဉ် ၈၂၁ ကြိမ် ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တနင်္သာရီတိုင်းမှတော့  ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်လတွေမှာ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှု၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သား ၁၆ ယောက် သေဆုံးကာ ၂၅ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ တနင်္သာရီဒေသ အခြေအနေတွေကို မှတ်တမ်းတင်နေတဲ့ CSOs Nexus Consortium – Tanintharyi (CNC) က စက်တင်ဘာ ၂၆ မှာထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်အစိုးရဟာ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး လူငယ် ၁၄၀ ကျော်ကို ဖမ်းဆီးခဲ့တဲ့အပြင် ငွေကျပ် သိန်း ၂၀ မှ သိန်း ၁၅၀ အထိ ငွေညှစ်နေတယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ထားဝယ်အထူးစီးပွားရေးဇုန်နယ်မြေမှာ 'The Ants' ကူညီရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တယောက်၊ ဘုန်းကြီးတပါးတို့ အပါအဝင် အပြစ်မဲ့ အရပ်သားတွေကိုပါ မတရား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

စစ်ရေးပဋိပက္ခတွေအပြင် ရေဖြူ၊ လောင်းလုံးနဲ့ တနင်္သာရီမြို့နယ်တွေမှာ ရေကြီးရေလျှံခဲ့လို့ စစ်ဘေးရှောင် ပြည်သူတွေဟာ နှစ်ထပ်ကွမ်း ဒုက္ခကြုံနေရပြီး စစ်ရှောင်စခန်းတွေမှာလည်း ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေအရေးပေါ် လိုအပ်နေတယ်လို့လည်း CNC က ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်တပ်ဟာ ရခိုင်၊ ကရင်နဲ့ ကချင်စတဲ့ တိုင်းရင်းသားဒေသတွေ အပါအဝင် မြန်မာနိုင်ငံဒေသအနှံ့မှာ မြေပြင်စစ်ကြောင်းထိုးပြီး ရေပြင်နဲ့ ဝေဟင်ကနေ အရပ်သားပစ်မှတ်တွေပါ မရှောင် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013