DVB Logo
Home
မြန်မာသတင်း
မီးခိုးမှိုင်းကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း ဆေးရုံများတွင် လူနာဦးရေတိုးပွား
DVB
·
March 12, 2015
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မီးခိုးမှိုင်းတွေ ရက်ဆက်ဝေနေတဲ့အတွက် ဆေးရုံမှာ ဝေဒနာရှင်ဦးရေ ပိုများလာတယ်လို့  သနေရှင်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မီးခိုးမှိုင်းတွေ သက်သာစေဖို့ ရေမှုန်တွေ ဖျန်းပက်ထားပေမယ့် သက်သာမှု မရှိဘဲ ဆေးရုံမှာ ဝေဒနာရှင်တွေ ပိုများလာတယ်လို့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။

မီးခိုးမှိုင်းကြောင့်ဖြစ်ပေါ်ရတဲ့ ဝေဒနာတွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ နှလုံးနဲ့ သွေးကြောရောဂါ၊ မျက်စိနာနဲ့ အရေပြားအနာ ရောဂါ စသဖြင့် အုပ်စု ၄ စုရှိပြီး  ချင်းမိုင်ခရိုင် နယ်မြေ ၁၀ ရောဂါတားဆီးကာကွယ်ရေးဌာနက ထိုင်းနိုင်ငံမြောက်ပိုင်းဒေသထဲမှာရှိတဲ့ ဆေးရုံကြီး ၇၅ ခုကို စောင့်ကြည့်ခဲ့တယ်လို့  သက်မွေးဝမ်းကျောင်းနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ရောဂါဌာန ဒုညွှန်မှူး နန်းဝိနား ဖတ်ဒီဆီရိဝိချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း  ချင်းမိုင်၊ ချင်းရိုင်း၊ မယ်ဟောင်ဆောင်၊ ဖယောဝ်း၊ နန့်၊ ဖရဲ့၊ လမ်းပွန်းနဲ့ လမ်းပန်း စတဲ့ ခရိုင် ၈ ခုက ဆေးရုံတွေမှာ  ခုရက်ပိုင်းအတွင်း မီးခိုးမှိုင်းကြောင့် ခံစားရတယ်လို့ ယူဆရတဲ့  နှလုံးနဲ့သွေးကြောဆိုင်ရာဝေဒနာရှင်ဦးရေ ၂၀၂၈ ဦးရှိတယ်လို့ ဒုညွှန်မှူးက ပြောပါတယ်။

အဲဒီရောဂါအုပ်စု ၄ စုထဲက လမ်းပွန်းခရိုင်ဟာဆိုရင် နှလုံးနဲ့ သွေးကြောဆိုင်ရာ ဝေဒနာရှင် ၁၀၂၇ ဦးနဲ့ အမြင့်ဆုံးဖြစ်ခဲ့ပြီး နောက်ဆုံးတွေ့ရှိချက်အရ  ချင်းမိုင်မှာတော့ အထူးသတိထားစောင့်ကြည့်ရမယ့် ဝေဒနာရှင် ၂၈၅၅ ဦးရှိတယ်လို့  ဒုညွှန်မှူးရဲ့အပြောကို ကိုးကားပြီး သနေးရှင်းမှာ ဖော်ပြပါတယ်။

[gallery ids="85385,85386,85387,85388,85389,85391,85384"]

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013