DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးချုပ်နှောင်ခံ သပိတ်မှောက်ကျောင်းသား ၂၇ ဦးကို စတင်လွှတ်ပေး
DVB
·
March 12, 2015
ဖမ်းဆီးချုပ်နှောင်ခံ သပိတ်မှောက်ကျောင်းသား ၂၇ ဦးကို စတင်လွှတ်ပေး
Donate to DVB

သာယာဝတီထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျောင်းသား၊ ကျောင်းသူ ၂၇ ယောက်ကို သက်ဆိုင်ရာက ဒီနေ့ စလွှတ်ပေးဖို့ရှိတယ်လို့ ဖမ်းဆီးခံ ကျောင်းသားတွေရဲ့ မိသားစုက ပြောပါတယ်။

အထူးသဖြင့် လတ်တလော တက္ကသိုလ်တက်နေတဲ့ ကျောင်းသားတွေကို လွှတ်ပေးမှာ ဖြစ်ပါတယ်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ တတိယနှစ် ကုန်ထုတ်ဓာတုဗေဒအထူးပြုဘာသာရပ်နဲ့ တက်နေတဲ့ ကျောင်းသူ မရည်မွန်အောင်ရဲ့ မောင်ဖြစ်သူ မောင်သန်းနိုင်က မနေ့ညပိုင်းက သူတို့နေအိမ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက လာအကြောင်းကြားလို့ သူတို့မိသားစု အခု သာယာဝတီ ရောက်နေတာလို့ ပြောပါတယ်။

“သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူးရုံးကို သွားပြီး သွားခေါ်လိုက်ပါလို့ လာပြောတယ်။ သူတို့ အားလုံး အဆက်အသွယ် လုပ်ထားပြီးပြီတဲ့။ အခု ခရိုင်ရုံးရောက်တော့ ကျောင်းသားမိဘ ၁၀ ယောက်လောက်တော့ ရောက်နေကြပြီ။ ကျောင်းတက်နေတဲ့ကျောင်းသား ၂၇ ယောက် ဒီနေ့ ပြန်လွှတ်ပေးမယ်။ အခမ်းအနားတွေ ဘာတွေလုပ်ပြီး ပြန်လွှတ်ပေးမယ့် သဘောပဲ။”

မတ် ၁၁ ရက် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာလည်း အမှန်တကယ် ကျောင်းတက်နေတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးမယ်လို့ ဖော်ပြထားပါတယ်။

မတ်    ၁၁ ရက်မှာပဲ သာယာဝတီထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျောင်းသားတွေကို လက်ပံတန်းတရားရုံးမှာ ၂ သုတ်ခွဲ  ရုံးထုတ်ပြီး ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုတာတွေ လုပ်ခဲ့ပါတယ်။

ရုံးထုတ်ခဲ့တဲ့ကျောင်းသားတွေကို  သွားရောက်တွေ့ဆုံဖို့ ကြိုးစားခဲ့တဲ့ ကျောင်းသားမိဘတွေ တွေ့ခွင့်မရခဲ့ဘူးလို့ ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ မဖြိုးဖြိုးအောင်ရဲ့ ဖခင် ဦးနေ၀င်းက ပြောပါတယ်။

“တရားရုံးဝင်းထဲမှာ ရဲက ၃ တန်းတန်းပြီး မမြင်ရအောင် ကာထားတာ၊ လူတွေက လမ်းမကနေပဲ ကြည့်ရတာ၊ အရပ်ရှည်တဲ့လူတွေပဲ တွေ့ရတာပေါ့။ ဟိုမှာ... ဟိုမှာ... ကိုအောင်မှိုင်းဆန်း တွေ့တယ် တယောက်ကပြော။ ဟော... ဟိုမှာ ဖြိုးဖြိုးအောင် တွေ့တယ်ပေါ့ တယောက်ကပြော။ ကိုသန်းထိုက် တွေ့တယ်ပေါ့။ ၃-၄ ယောက်လောက်တော့ လှမ်းတွေ့လိုက်ရတာပေါ့ဗျာ။”

ရုံးထုတ်တဲ့နေရာမှာ ရဲတပ်ဖွဲ့ဝင်အင်အား အမြောက်အမြား လုံခြုံရေးချထားပါတယ်။

မတ် ၁၀ ရက် လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲမှုအတွင်း ကျောင်းသားနဲ့ ၀န်းရံသူ ပေါင်း ၁၂၀ ကျော်ကို ဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ အစိုးရက သတင်း ထုတ်ပြန်ထားပါတယ်။

လက်ပံတန်း ပင်မကျောင်းသားသပိတ်စခန်းမှ ဖမ်းဆီးခံရတဲ့သူများကို ပုဒ်မ ၅ ခုနဲ့ မတ်လ ၁၁ ရက်နေ့ ညက လက်ပံတန်း တရားရုံး ထုတ်နေစဉ်

[gallery ids="85164,85165,85166,85167,85168,85169"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013