DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် မိုင်းတုံရေအားလျှပ်စစ် စီမံကိန်းရှင်းလင်းပွဲ ကန့်ကွက်ခံရ
DVB
·
March 11, 2015
ရှမ်းပြည်နယ် မိုင်းတုံရေအားလျှပ်စစ် စီမံကိန်းရှင်းလင်းပွဲ ကန့်ကွက်ခံရ
Donate to DVB

ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ထဲမှာ ရေအားလျှပ်စစ်စီမံကိန်းဆောင်ရွက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စီမံကိန်းအတိုင်ပင်ခံအဖွဲ့က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ လာရောက်ရှင်းလင်းခဲ့တာမှာ လူမှုအခြေပြုအဖွဲ့အစည်းများရဲ့ ကန့်ကွက်ခြင်းကို ခံခဲ့ရပါတယ်။

SMEC (Snowy Mountains Engineering Corporation ) လို့ခေါ်တဲ့ စီမံကိန်းအတိုင်ပင်ခံအဖွဲ့ ကိုယ်စားလှယ်တွေဟာ မတ်လ ၁၀ ရက်နေ့က တောင်ကြီးဟိုတယ်မှာ စီမံကိန်းကြောင့် သဘာဝ ၀န်းကျင်နဲ့ လူမှုရေးသက်ရောက်မှု ဆန်းစစ်လေ့လာခြင်းတွေ ဆွေးနွေးချပြခဲ့အပြီး ရှမ်း၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်က လူမှုအခြေပြုအဖွဲ့အစည်းတွေပါဝင်တဲ့ သံလွင်သားချင်းများအဖွဲ့က ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

SMEC အဖွဲ့က နိုင်ငံခြားသားကိုယ်စားလှယ်တွေ၊ ပြည်တွင်းကိုယ်စားလှယ်တွေဟာ စီမံကိန်း လုပ်ဆောင်ခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေရော၊ နစ်နာမှုမှာ အလျော်အစား ပြန်ပေးမယ့်ကိစ္စ၊ အလုပ်အကိုင် အခွင့်အလမ်းတွေချပြခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ စီမံကိန်းသင်ခန်းစာ တွေအရ ဆုံးရှုံးနစ်နာမှုတွေက ပိုများတာကြောင့် ကန့်ကွက်ခဲ့တာလို့ ရှင်းလင်းပွဲတက်ရောက်ခဲ့သူ သံလွင်သားချင်းများအဖွဲ့ ပြောခွင့်ရ ကိုနေမျိုးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့လုပ်တဲ့ထုံးစံက ဒီစီမံကိန်းကြီးကို ချပြပြီးတော့ ကျနော်တို့က သဘောတူတယ်ဆိုတဲ့ ပုံစံကို ပြချင်တာဗျ။ အားလုံးအကောင်းတွေချည်း ပြောသွားတယ်။ ကျနော်တို့က မယုံဘူး။ အရင် လောပိတရေအားလျှပ်စစ်တွေ၊ ပေါင်းလောင်းဆည်စီမံကိန်းတွေဆိုလည်း ဒီလိုဘဲ နောက်ဆုံး ကျနော်တို့ ပြည်သူတွေဘဲ နစ်နာဆုံးရှုံးရတယ်။ အဲဒါကြောင့် ကန့်ကွက်တာပါခင်ဗျ။ သူတို့ကတော့ အစိုးရလုပ်တဲ့စီမံကိန်းဆို နောက်မဆုတ်ဘူးလို့ ပြောသွားသေးတယ်။”

အဲဒီရေအားလျှပ်စစ်စီမံကိန်းအတွက် အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်လာမယ့် ရေကာတာကြီး တစ်ခုတည်ဆောက်မှာဖြစ်ပြီး ရေကာတာကြောင့် သံလွင်မြစ်အထက်ပိုင်း အနီးနားဝန်းကျင်က မြို့ရွာတွေ ရေလွှမ်းသွားမှာဖြစ်သလို သံလွင်မြစ်အောက်ပိုင်းမှာတော့ ရေနည်းပါးကာ ဌာနေ တိုင်းရင်းသားတို့ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းတွေ ထိခိုက်သွားမယ်လို့ ကိုနေမျိုးက ပြောပါတယ်။

SMEC ဆွေးနွေးညှိနှိုင်းရေးမှူး ကိုကျော်လှသောင်းကတော့ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်တာဖြစ်ပြီး ပြည်သူတွေနစ်နာမှု မရှိအောင် ဆောင်ရွက်မယ့်အကြောင်း ခုလို ပြောပါတယ်။

“အကျိုးအမြတ်အနေနဲ့ စီမံကိန်းကြောင့် ကျနော်တို့နိုင်ငံအတွက် လျှပ်စစ်ဓာတ်အားတွေ ပိုမို ရရှိလာပါမယ်။ နိုင်ငံခြားဝင်ငွေတွေ တိုးလာပါမယ်။ ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးရလာမယ်။ တဘက်က အားနည်းချက်အနေနဲ့တော့ မြစ်ကြောင်းရေစီး ဆင်းမှုနည်းလာမယ်။ ငါးမျိုးစုတွေ၊ ရေညှိရမှော်ပင်တွေ ပျက်စီးမယ်။ လူပေါင်း တစ်သောင်းကျော် ရွှေ့ပြောင်းရမယ်။ ဒါပေမယ့် သူတို့တွေ အိုးအိမ်သစ် နေရာသစ်တွေ၊ ဘာသာရေး ပညာရေး ကျန်းမာရေး အဆောက်အအုံတွေ မူလနေရာထက် ပိုကောင်းအောင် ဖွံ့ဖြိုးရေးစီမံချက်ချထား ပါတယ်ခင်ဗျ။ နောက်ထပ်လည်း ဒေသထဲကွင်းဆင်းလေ့လာမှုတွေ လုပ်အုံးမှာပါ။ အဲဒီဒေသက ပြည်သူတွေနဲ့လည်း တွေ့ဆုံရှင်းလင်းပွဲတွေ လုပ်ဖို့ရှိပါတယ်။”

ဒါပေမယ့်လည်း သံလွင်သားချင်းများအဖွဲ့ကတော့ ပွင့်လင်းမြင်သာမှု မရှိတဲ့၊ ဒေသခံအကျိုး အမြတ်ရာနှုန်းနည်းပါးတဲ့ ဒီစီမံကိန်းကို ရှုတ်ချကန့်ကွက်ပြီး ပြည်တွင်း အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးမရသေးခင်၊ နိုင်ငံရေးအာမခံချက်မရသေးခင် စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ တောင်းဆို လိုက်ပါတယ်။

မနေ့က ကျင်းပတဲ့ ရှင်းလင်းပွဲမှာ ရှမ်းပြည်နယ် ဆီဆိုင်၊ ကွန်ဟိန်း၊ ဖယ်ခုံ၊ မိုင်းတုံ စတဲ့ မြို့နယ်က လူထုကိုယ်စားလှယ်တွေရော၊ လူမှုအခြေပြုအဖွဲ့အစည်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေပါ လူပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

သံလွင်မြစ်ပေါ်က မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းကို ထိုင်းနိုင်ငံက EGAT ၊ တရုတ်င်ငံက CSC နဲ့ CTG အဖွဲ့၊ မြန်မာနိုင်ငံက IGOEC အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ပြီး လာမယ့် ၂၀၁၆ ခုနှစ်မှာ အကောင်အထည်ဖော်နိုင်ဖို့ ရည်မှန်းထားပေမယ့် အခုလို ကန့်ကွက်ခံနေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013