
ရန်ကုန်မြို့ လူစည်ကားရာ ပန်ဆိုးတန်းလမ်းအလယ်ဘလောက်ရှိ တိုရှီဘာဆိုင်တွင် မတ် ၁၁ ရက် ဒီနေ့ နေလည် ၁၁ နာရီခွဲခန့်က ၀ါယာရှော့ကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ မီးလောင်မှု ဖြစ်စဉ်တွင် မျက်မြင်သက်သေတဦးက “၀ါယာရှော့လို့ ပြောတာဘဲ။ ၁၁ နာရီ ကျော်လေးမှာ မီးစလောင်တယ်။ အထဲမှာ တဆိုင်လုံးကုန်တယ်။ မီးသတ်ကား ၁၅ စီးနဲ့ ၀ိုင်းပြီး ငြိမ်းသတ်တာ ၃ နာရီလောက် ကြာတယ်။ အရံမီးသတ် ၂ ယောက်ထိတယ်။ ရေအကူကား ၃ စီးလောက် ပါလာတယ်။ အခုတော့ အငွေ့တွေ ကျန်တယ်”လို့ ပြောပါတယ်။
သတင်းဓာတ်ပုံ - မကြည်ခိုင်
[gallery ids="85129,85130,85131,85132,85133,85134,85135"]











