DVB Logo
Home
မြန်မာသတင်း
အဖမ်းခံသတင်းထောက်များ အမြန်ဆုံး ပြန်လွှတ်ပေးမည်ဟု ဆို
DVB
·
March 11, 2015
အဖမ်းခံသတင်းထောက်များ အမြန်ဆုံး  ပြန်လွှတ်ပေးမည်ဟု ဆို
Donate to DVB

လက်ပံတန်း ကျောင်းသားအကြမ်းဖက်ဖြိုခွဲမှုအတွင်း ဖမ်းဆီးခံထားရတဲ့ သတင်းထောက် နာမည်စာရင်းတွေပေးဖို့ ပြန်ကြားရေးက စာနယ်ဇင်းကောင်စီထံ ဆက်သွယ်ပြောကြားလာပြီး ဖမ်းခံထားရတဲ့ သတင်းထောက်တွေကို ပြည်ထဲရေးနှင့်ညှိနှိုင်းပြီး အမြန်ဆုံး ပြန်လွှတ်ပေးမယ်လို့ လည်း ဆိုပါတယ်။

လတ်တလော စာနယ်ဇင်းကောင်စီက ရရှိထားတဲ့ သတင်းအချက်အလက်အရ ရီပို့တာဂျာနယ်က သတင်းထောက် ကိုဖြိုးအောင်မြင့်နဲ့ မြန်မာပို့စ်ဂျာနယ်သတင်းထောက် ကိုဥာဏ်လင်းထွန်းတို့ ၂ ယောက်အဖမ်းခံထားရပြီး ကျန်သူတွေရှိရင် စာနယ်ဇင်းကောင်စီထံ ဆက်သွယ်ကြဖို့ အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။

မတ်လ၁၀ရက်က လက်ပံတန်းမြို့မှာ ပင်မကျောင်းသားသပိတ်ကို ရဲတပ်ဖွဲ့က အကြမ်းဖက် ရိုက်နှက်ဖြိုခွဲမှုအတွင်း ရဲတပ်ဖွဲ့ဝင်တချို့က သတင်းမီဒီယာသမားတွေကို ခြိမ်းခြောက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးရိုက်နှက်ခံရသူတွေထဲ သတင်းသမားတွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013