
တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွား ကျောက်တန်းတခုနားမှာ တရုတ်စစ်တပ်က ရေတပ်နဲ့ လေတပ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံလိုင်း CCTV က စက်တင်ဘာ ၂၇ ရက်မှာ ဖော်ပြပါတယ်။
ဒီလေ့ကျင့်ခန်းကို တရုတ်နိုင်ငံက ဟွမ်ယန်ဒေါင်လို့ ခေါ်ဆိုပြီး ဖိလစ်ပိုင်နိုင်ငံက ဘာဟိုဒေ မာစင်လော့ခ်လို့ ခေါ်ပါတယ်။
ပိုင်ဆိုင်ခွင့်တောင်းဆိုထားတဲ့ စကာဘရော့ ကျောက်တန်းဝန်းကျင်က ရေပြင်နဲ့ လေပိုင်နက်တို့မှာ လေ့ကျင့်ခဲ့တာပါ။
ဒီစစ်ဆင်ရေးကို ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေခဲ့တယ်လို့ သူတို့က ပြောတဲ့ နိုင်ငံတချို့ရဲ့ လုပ်ရပ်တွေအပေါ် လိုအပ်တဲ့ တုံ့ပြန်ဆောင်ရွက်ချက်တခုအဖြစ် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ တောင်ပိုင်းစစ်ဒေသကွပ်ကဲမှု ဌာနချုပ်က WeChat ကနေ သတင်းထုတ်ပြန်ပါတယ်။
ဒီလေ့ကျင့်မှုဟာ တရုတ်နိုင်ငံရဲ့ နယ်မြေပိုင်နက် အချုပ်အခြာအာဏာနဲ့ ရေကြောင်းဆိုင်ရာ အခွင့်အရေး၊ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ရာမှာ တိုက်ခိုက်ရေးစွမ်းရည်တွေကို စမ်းသပ်မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။
Source: Reuters










