DVB Logo
Home
နိုင်ငံတကာ
စစ်ပွဲအဆုံးသတ်ရန် ရုရှား စိတ်ရင်းမှန်ပြလျှင် ကန်အဆိုပြုချက် ထောက်ခံမည်ဟု ဇလန်းစကီးပြော
DVB
·
September 15, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ရုရှားဘက်က စစ်ပွဲ အဆုံးသတ်ဖို့ တကယ်စိတ်ရင်းမှန်နဲ့ လုပ်ပြမယ်ဆိုရင် တင်းမာမှုတွေ လျှော့ချရေးအတွက် ပထမအဆင့်အနေနဲ့ အရေးပါတဲ့ အဆောက်အအုံတွေကို အပြန်အလှန် တိုက်ခိုက်မှု ရပ်ဆိုင်းဖို့ အမေရိကန်ရဲ့ အဆိုပြုချက်ကို ထောက်ခံသွားမယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက စက်တင်ဘာ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။

ဇလန်းစကီးက “ရုရှားရဲ့ စစ်ရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားပြီး ယူကရိန်းဘက်က တိတိကျကျ ပစ်ခတ်တုံ့ပြန်နေတာကြောင့် ရုရှားတွေ ဖိအားဒဏ်ကို ခံစားနေရတာကို  တွေ့နေရတယ်” လို့လည်း သူ့ရဲ့ ညစဉ်မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စွမ်းအင်ဆိုင်ရာနေရာတွေ၊ ရိက္ခာပို့လမ်းကြောင်းတွေနဲ့ တခြား အရေးကြီး အဆောက်အအုံတွေ အားလုံးဟာ ဒီလိုတိုက်ခိုက်မှုတွေ ရပ်ဆိုင်းရေး သဘောတူညီချက်ထဲမှာ ပါဝင်ရမယ်လို့ ဆိုပါတယ်။

ဒီဖြေရှင်းချက်တွေဟာ ရွေးကောက်ပွဲအတွက်သက်သက် လုပ်တာမျိုး မဟုတ်ဘဲ ရေရှည် တည်တံ့ခိုင်မြဲတဲ့ ဖြေရှင်းချက်တခုဖြစ်ဖို့ လိုအပ်ပြီး အမေရိကန် မိတ်ဖက်တွေဘက်က အသေးစိတ်ကျပြီး ခိုင်မာတဲ့ အဆိုပြုချက်တွေကို ဆက်လက် စောင့်ဆိုင်းနေပါတယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက်မှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကလည်း ယူကရိန်းနဲ့ ရုရှား နှစ်နိုင်ငံစလုံးဟာ တဖက်နဲ့တဖက်ရဲ့ စွမ်းအင်ဆိုင်ရာ ပစ်မှတ်တွေကို မတိုက်ခိုက်ကြဖို့ တနင်္လာနေ့မှာပဲ သဘောတူညီခဲ့ကြပြီလို့ ကြေညာခဲ့အပြီးမှာ ဇလန်းစကီးရဲ့ ပြောဆိုချက် ထွက်လာခဲ့တာပါ။

“ကမ္ဘာ့ဒီဇယ်ဆီဈေးနှုန်း မြင့်တက်ရတာဟာ အီရန်စစ်ပွဲကြောင့် မဟုတ်ဘဲ ရုရှား-ယူကရိန်း စစ်ပွဲကြောင့် အဓိကဖြစ်တာပါ” လို့ ထရမ့်ပ်က သူ့ရဲ့ Truth Social ပို့စ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဒီမတိုင်ခင် တနင်္ဂနွေနေ့တုန်းကလည်း ထရမ့်ပ်က ဇလန်းစကီးကို ရုရှားဒီဇယ်စက်ရုံတွေကို ပစ်မှတ်ထားတာ ရပ်ဖို့ အရင်ဆုံး တိုက်တွန်းခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် ဒီဇယ်ပြတ်လပ်မှုတွေ ဖြစ်လာကာ ကမ္ဘာကြီးကို ထိခိုက်နစ်နာစေတယ်လို့ ပြောဆိုခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013