DVB Logo
Home
မြန်မာသတင်း
စစ်ဦးစီးအရာရှိချုပ် (ရေ) ပြောင်းလဲခန့်အပ်
DVB
·
August 18, 2026
Photo: MOI 
Photo: MOI 
Donate to DVB

စစ်အာဏာရှင်တပ်က ဒုဗိုလ်ချုပ်ကြီးအေးမင်းထွေးကို စစ်ဦးစီးအရာရှိချုပ် (ရေ) နေရာကနေ ဖယ်ရှားကာ ဗိုလ်ချုပ်သိန်းထူးကို အစားထိုး ခန့်ထားလိုက်တယ်လို့ နေပြည်တော် သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

စစ်ဦးစီးအရာရှိချုပ် (ရေ) နေရာကို သံလျက်စွန်း ရေတပ်လေကျင့်ရေးဌာနချုပ်က ဗိုလ်ချုပ်သိန်းထူး ကို ခန့်လိုက်တဲ့အတွက် ရေတပ်အတွင်း ဝေဖန်မှုတွေ များခဲ့တယ်လို့ နေပြည်တော် သတင်းရင်းမြစ် က DVB ကို ပြောပါတယ်။

“စစ်ဦးစီးအရာရှိချုပ်(ရေ) နေရာကို အစက တခြားဗိုလ်ချုပ်တယောက်ကို ပေးဖို့ စီစဥ်ထားတာ၊ အဲဒီနောက် စီနီယာတွေကို ကျော်ပြီး ဗိုလ်ချုပ်သိန်းထူးကို ခန့်လိုက်တာ၊ အဲ့ကိစ္စနဲ့ ရေတပ်ထဲမှာ လည်း မကျေလည်မှုတွေ ရှိတယ်။ ဒီလထဲမှာပဲ ဗိုလ်ချုပ်ကျော်လင်းမောင်နဲ့အတူ ဒုဗိုလ်ချုပ်ကြီး အပွင့် ပေးလိုက်တာ။”

တပ်ချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဗိုလ်ချုပ်ပြည့်စုံလင်းနဲ့ ဗိုလ်ချုပ်စိုးလှိုင်ကို ဒုဗိုလ်ချုပ်ကြီးအဆင့် တိုးပေးခဲ့သလို သြဂုတ်လအတွင်းမှာလည်း ဗိုလ်ချုပ်ကျော်လင်းမောင်နဲ့ ဗိုလ်ချုပ်သိန်းထူးကို ဒုဗိုလ်ချုပ်ကြီးအဆင့် တိုးပေးခဲ့တယ်လို့ ဆိုပါတယ်။

ရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့ ဒုဗိုလ်ချုပ်ကြီးအေးမင်းထွေးကို စစ်ဘက်၊ အရပ်ဘက်နေရာ ပြန်ပေးတာ မရှိဘူးလို့ ရေတပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

“အစက အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ခန့်မယ်ဆိုပြီး သတင်းထွက်လိုက်သေးတယ်။ ရာထူးကနားသွားတော့ စစ်ဘက်ရော အရပ်ဘက်ရော နေရာပြန်မပေးဘူး။”

စစ်ခေါင်းဆောင် သမ္မတမဖြစ်ခင်က ရာထူးကနေ ဖယ်ရှားခဲ့တဲ့ လေကြောင်းရန်ကာကွယ်ရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးမျိုးမိုးအောင်ကို ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်ခဲ့သလို ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်ကိုလည်း တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနေရာ ပေးခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်က ရေတပ်ရဲ့ စစ်ဦးစီးအရာရှိချုပ်(ရေ) နေရာကို ဒုဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်၊ ဒုဗိုလ်ချုပ်ကြီးအေးမင်းထွေးနဲ့ ဒုဗိုလ်ချုပ်ကြီးသိန်းထူးတို့ကို ခန့်ခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013