DVB Logo
Home
မြန်မာသတင်း
ထိုင်းရွှေဆိုင်ဖောက်ထွင်းသူ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ
DVB
·
March 10, 2015
ထိုင်းရွှေဆိုင်ဖောက်ထွင်းသူ  မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ
1 / 5
Donate to DVB

ထိုင်းနိုင်ငံ အလယ်ပိုင်း နွန်ထပူရီခရိုင် ဘန့်ဘိုးထောင်းမြို့နယ်မှာ ထိုင်းဘတ်ငွေ ၁၄ သန်းတန်ဖိုးရှိ ရွှေထည်ဖောက်ထွင်းမှုနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမားတွေ ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ မနက်က ယောင်ဝရတ်လို့ခေါ်တဲ့ ရွှေဆိုင်ဖောက်ထွင်းခံခဲ့ရတာ ဖြစ်ပြီး အဓိက တရားခံဖြစ်တဲ့ မြန်မာအလုပ်သမား ကိုချိုင်း ( ယာယီအလုပ်သမားကဒ်ပါ အမည် သက်ဇင်ဝင်း အဘ ဦးမြင့်အောင်) နဲ့ သူ့ဇနီး မမုဆ တို့ကို မတ်လ ၉ ရက် ည ၇ နာရီကျော်အချိန် ထိုင်းမြောက်ပိုင်းဒေသအစပ် ဥဒရာဒစ်ခရိုင် တလွန်မြို့နယ်ထဲမှာ ဖမ်းဆီးရမိတယ်လို့ ခရိုင်ရဲမှူး အဒီးဆဒ် နွဲ့ပရဆစ်က သတင်းထောက်တွေကို ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်နေတဲ့ ရွှေဆိုင်ဖောက်ထွင်းသူကို ရှာဖွေဖမ်းဆီးဖို့ အထက်က ညွန်ကြား ချက်အရ ဖြတ်သန်းသွားလာနေတဲ့ ကားတွေကိုတားဆီးစစ်ဆေးစဉ် မှန်လုံးကားတစီးပေါ် ပါလာတဲ့ တရားခံကို ဖမ်းမိတာဖြစ်ကြောင်း၊ အဲဒီကားပေါ်မှာ အခြားမြန်မာနိုင်ငံသား ၇ ဦးပါ ပါလာပြီး တရားခံ ၂ ဦးမှာ မသင်္ကာဖွယ်ရှိတဲ့အတွက် သတင်းပို့ထားတဲ့ ဓာတ်ပုံနဲ့ တိုက်ကြည့်ပြီး သူတို့အိတ်ကို စစ်ဆေးရာမှာ အလေးချိန် ၅ ကီလိုလောက်ရှိတဲ့ ရွှေထည်တွေ ဖမ်းမိတာလို့ ရဲမှူးက ပြောပါတယ်။

ကိုချိုင်းက ရွှေဆိုင်အနောက်ဘက် အုတ်တံတိုင်းကနေ အိမ်ဝင်းထဲဝင်ပြီး ခေါင်မိုးကနေတဆင့် ဖောက်ထွင်းဝင်ရောက်ကြောင်း သူဟာ အဲဒီရွှေဆိုင်အနောက်တန်းလျားမှာ ငှားနေတဲ့ ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးဖြစ်ကာ အခြား အပေါင်းပါ ၃ ဦးနဲ့ ဖောက်ထွင်းမှု ကျူးလွန်ပြီး ထိုင်းနယ်စပ် မယ်ဆိုင်ကနေ မြန်မာပြည်တာချီလိတ်ကိုပြန်ဖို့ ကားငှားလာရမှာ ခုလိုဖမ်းဆီးခံရတာလို့ ထွက်ဆိုဝန်ခံသွားပါတယ်။

ဒီမတိုင်ခင် မတ်လ ၉ ရက် မနက် ၆ နာရီက နွန်ထပူရီခရိုင် နဲ့ ချွန်းပူရီခရိုင် ပူးပေါင်း ရဲတပ်ဖွဲ့အင်အား ၇၀ ဟာ ကိုချိုင်းရဲ့ ဆွေမျိုးတွေရှိရာ ချွန်းပူရီခရိုင် ဘန်လပွန်းမြို့က ဆောက်လုပ်ရေးအလုပ်သမားတန်းလျားကို ၀င်ရောက်စီးနင်းပြီး ကိုချိုင်းရဲ့ အဖေနဲ့ သူငယ်ချင်း ၃ ဦးတို့ကို ဖောက်ထွင်းရာပါပစ္စည်း ရွှေဆွဲကြိုး ၁၁ ကုံး၊ လက်စွပ် တစ်ကွင်းတို့နဲ့အတူ ဖမ်းဆီးခဲ့ပါတယ်။

ဒီဖောက်ထွင်းမှုမှာ ရွှေဆွဲကြိုး ၅၀၂ ကုံး၊ ရွှေလက်ကောက် ၁၆၇ ကုံး၊ ရွှေလက်စွပ် ၂၂ ကွင်း အလေးချိန် ဘတ် ၆၀၀ ကျော် နဲ့ တယ်လီဖုန်းတစ်လုံးတို့ ပါဝင်ကာ ကာလတန်ဖိုး စုစုပေါင်း ဘတ်ငွေ ၁၄ သန်းရှိကြောင်း၊ အခင်းဖြစ်တဲ့ ညက သူတို့မိသားစုတွေ အပေါ်ထပ်မှာ ရှိနေပြီး အိမ်ထဲမှာ လူရှိနေတဲ့အတွက် ရှိုးကေ့စ်ထဲက ရွှေတွေကို မီးခံသေတ္တာထဲ မသိမ်းမိကြောင်း၊ မနက်မိုးလင်းတဲ့အခါမှ ရွှေတွေအဖောက်ခံရမှန်း သိရတာလို့ ဆိုင်ပိုင်ရှင် နိုင်းချိုင်းယားမွန်း ယင့်ဆကွန်း က ရဲတပ်ဖို့ကို တိုင်ကြားခဲ့ပါတယ်။

ရွှေဆိုင်နဲ့ လမ်းပေါ်မှာ တပ်ထားတဲ့ စီစီကင်မရာတွေကနေတဆင့် တရားခံတွေကို စုံစမ်းဖမ်းဆီး နိုင်ခဲ့တယ်လို့ ရဲအရာရှိတွေကပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ - thairath, the nation
[gallery ids="85039,85040,85041,85042,85043"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013