DVB Logo
Home
မြန်မာသတင်း
လက်ပံတန်း အကြမ်းဖက်ဖြိုခွင်းခံရမှု ရန်ကုန် လှည်းတန်းတွင် ဆန္ဒပြ
DVB
·
March 10, 2015
လက်ပံတန်း အကြမ်းဖက်ဖြိုခွင်းခံရမှု ရန်ကုန် လှည်းတန်းတွင် ဆန္ဒပြ
1 / 6
Donate to DVB

လက်ပံတန်းမှာ ရဲတပ်ဖွဲ့ ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွင်းတဲ့ ဖြစ်ရပ်အတွက် ရန်ကုန်လှည်းတန်းမှာ ဆန္ဒပြနေပါတယ်။

ဒီဆန္ဒပြပွဲကို ရာနဲ့ချီတဲ့လူတွေက ပါဝင်နေသလို လှည်းတန်း လမ်းဆုံကနေ ဥရောပသမဂ္ဂ ရုံးဘက်ကို သွားနေတယ်လို့ ဒီနေရာမှာ သတင်းရယူနေတဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။

“ကျနော်တို့ အခုကျောင်းသားတွေ ချီတက်ရာနောက်ကို လိုက်နေပါတယ်။ အင်အား ၅၀၀ ကျော်ပါတယ်။ လှည်းတန်းလမ်းဆုံကနေ အီးယူရုံးဘက်ကို သွားနေကြပါတယ်။ ကြွေးကြော်သံတွေနဲ့ပါ။ ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရပေမယ့် ဘာမှ နှိမ်နင်းတာတွေ ဘာတွေ မရှိသေးဘူး” လို့ ပြောပါတယ်။

လှည်းတန်းဆန္ဒပြမှုကြောင့် စိန်ဂေဟာ စတိုးကို ပိတ်ထားလိုက်သလို ရဲတပ်ဝင်တွေတချို့လည်း လုံခြုံရေး ယူထားတယ်လို့ ဆိုပါတယ်။

ရန်ကုန်ကို ချီတက်ဖို့ ပြင်ဆင်နေတဲ့ လက်ပံတန်းရောက် ဒီမိုကရေစီ ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားနဲ့ ရဟန်းသံဃာတော်တွေကို ရဲလုံခြုံရေးတွေက ၀င်ရောက်ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးသွားတဲ့ ကျောင်းသားတွေကို ကားပေါ်ကို တင်ဆောင် ခေါ်ဆောင်သွားသလို ကျောင်းသားတွေ ချီတက်ရာမှာ အသုံးပြုတဲ့ကားတွေကိုလည်း ဖျက်ဆီးခံလိုက်ရပါတယ်။
[gallery ids="84999,85000,85001,85002,85003,85004"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013