DVB Logo
Home
မြန်မာသတင်း
ပဋိပက္ခရှိရာကို မြန်မာ ဦးတည်နေဟု မစ္စ ယန်ဟေးလီပြောကြား
DVB
·
March 10, 2015
ပဋိပက္ခရှိရာကို  မြန်မာ ဦးတည်နေဟု မစ္စ ယန်ဟေးလီပြောကြား
Donate to DVB

လူ့အခွင့်အရေးကို ကာကွယ်မယ်ဆိုတဲ့ ကတိက၀တ်ကို မြန်မာအစိုးရက နောက်ပြန်ရုပ်သိမ်းနေပြီး ပဋိပက္ခဆီကို ဦးတည်သွားနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ခရီးစဉ်အတွင်း မယုံကြည်မှု၊ ရန်လိုမှုနဲ့ စိုးရွံ့မှုတွေက ပျံ့နှံ့နေတယ်လို့လည်း မြန်မာပြည်ဆိုင်ရာ ကုလလူအခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟေးလီက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာမှာ မတ် ၉ ရက်က ပြောပါတယ်။

ဒါအပြင် ရိုဟင်ဂျာတွေရဲ့ အခြေအနေက အရင် ဇူလိုင် ခရီးစဉ်တုန်းကလိုပဲ တိုးတက်မှု မရှိဘူးလို့ ယန်ဟေးလီက ပြောပါတယ်။

မွတ်စလင်ဒုက္ခသည်တွေကိုထားတဲ့ စခန်းထဲအခြေအနေ အလွန်ဆိုးဝါးနေသလို သူတို့ လုံခြုံရေး အတွက် အခုလိုထားရတာလို့ ရခိုင်ဝန်ကြီးချုပ်က ပြောဆိုတယ်လို့လည်း သူက ပြောပါတယ်။

“လူအများစုက အထူးကိုယ်စားလှယ်ကို ပြောတာကတော့ ရွေးချယ်စရာ ၂ ခုရှိတယ်ဆိုတာပါ၊ နေမလား၊ သေမလား ဒါမှမဟုတ် လှေစီးပြီးသွားမလား” လို့ ယန်ဟေးလီရဲ့ အစီရင်ခံစာက ရေးပါတယ်။
ရခိုင်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေက မလေးရှား၊ ထိုင်းကို တရားမ၀င် လူကုန်ကူးမှုကို ဖြစ်ပွားစေတယ်လို့ ဆိုပါတယ်။

ဒါအပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက လာမယ့်အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လူထုဆန္ဒခံရယူပွဲမှာ ယာယီသက်သေခံကတ် ကိုင်ဆောင်သူတွေကို မဲပေးခွင့် ပယ်ဖျက်ပေးခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။

ယန်ဟေးလီက ဒါကို ပြုပြင်ပြောင်းလဲရေးအတွက် နောက်ပြန်သွားတဲ့ ခြေတလှမ်းအဖြစ် ပြောဆိုလိုက်ပြီး မြန်မာမှာ နေထိုင်သူအားလုံး ရွေးကောက်ပွဲနဲ့ လူထုဆန္ဒခံယူပွဲတွေမှာ မဲပေးခွင့်ရှိဖို့ တောင်းဆိုလိုက်ပါတယ်။

ဒါအပြင် ဥပဒေကြမ်းတွေဖြစ်တဲ့ ဘာသာကူးပြောင်းခြင်းဆိုင်ရာ၊ လက်ထပ်ထိမ်းမြားချင်း ဆိုင်ရာနဲ့ တလင်တမယား ဥပဒေတွေဟာ တိုင်းရင်းသားတွေနဲ့ တင်းမာမှုကို ပိုမိုဆိုးဝါး စေမယ်လို့ ပြောပါတယ်။

မြန်မာစစ်တပ်ကလည်း ကလေးတွေကို စစ်အတွင်း သွတ်သွင်းတာတွေရှိနေသလို အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသား အရေအတွက်က တရားဝင် သတ်မှတ်ထားတဲ့ ၂၇ ဦးထက်ပိုမြင့်နိုင်တယ်လို့ ယန်ဟေးလီက ပြောပါတယ်။

ရဲတပ်ဖွဲ့တွေက လက်နက်ခဲယမ်းတွေ အသုံးပြုတာ၊ မီဒီယာကို ဖိနှိပ်တာနဲ့ ကြေးနီ စီမံကိန်းကို ဆန့်ကျင်တဲ့ လယ်သမားတွေကို နှင်ထုတ်တဲ့ ကိစ္စတွေကိုလည်း လူ့အခွင့်အရေး ကိုယ်စားလှယ်က အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013