DVB Logo
Home
မြန်မာသတင်း
ပိတ်ဆို့ခံထားရသည့် ကျောင်းသားစစ်ကြောင်း ရန်ကုန်ကို ကားဖြင့်သွားမည်
DVB
·
March 10, 2015
ပိတ်ဆို့ခံထားရသည့် ကျောင်းသားစစ်ကြောင်း ရန်ကုန်ကို ကားဖြင့်သွားမည်
1 / 11
Donate to DVB
လက်ပံတန်းမှာ ပိတ်ဆို့တားဆီးခံထားရသည့် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကို အာဏာပိုင်တွေက သွားခွင့်ပြုလိုက်တဲ့အတွက် ရန်ကုန်ကိုကားနဲ့ ထွက်ခွာဖို့ ပြင်နေတယ်လို့  သပိတ်မှောက်ကျောင်းသားတွေက ပြောပါတယ်။ ဒီကနေ့မနက် ၁၀ နာရီလောက်မှာ ကျောင်းသားကိုယ်စားလှယ် မဖြိုးဖြိုးအောင် အပါအ၀င် ပညာရေးကွန်ယက် (အန်အန်အီးအာ) က ဒေါက်တာသိန်းလွင်၊  ဒေါက်တာ ညိုညိုသင်းတို့ ပဲခူးတိုင်း ကာလုံဝန်ကြီးနဲ့  ညှိနှိုင်းဆွေးနွေးရာမှာ ခုလိုသွားခွင့်ရခဲ့တာပါ။ ဗကသများ အဖွဲ့ချုပ်ဗဟိုလုပ်ငန်းကော်မတီက ပြောရေးဆိုခွင့်ရှိသူ ကိုသီဟ၀င်းတင်က ‘နောက်ဆုံးအခြေအနေက ခုကျနော်တို့ကို ကားစီစဉ်ပေးတယ်။ ကားစီစဉ်ပေးပြီး တော့ ရန်ကုန်ကို သွားခွင့်ပေးတယ်ဆိုတဲ့ဟာကို မသေချာမရေရာပြောထားတယ်။ ပဲခူးတိုင်းမှာတော့ အိုကေတယ်၊ သူတို့ပြောတာတော့ ရန်ကုန်ကိုသွားလို့ရတယ်ပေါ့နော်။ သွားလို့ရပေမယ့် ရန်ကုန်ကိစ္စတစ်ချက်ကိုတော့ နည်နည်းလေးကြိုးစားကြည့်လို့ အဲဒီလိုတော့ပြောတယ်။ ဒီနေ့ ကားနဲ့ထွက်ဖြစ်မယ် ။ကားတွေငှားနေတုန်းပဲ ကားတွေလာတာနဲ့ ထွက်မယ်’လို့ပြောပါတယ်။ သပိတ်မှောက်ကျောင်းသားတွေရဲ့တောင်းဆိုချက် ၈ ချက်ထဲမှာ လက်ပံတန်းကနေ  သာယာဝတီအထိ လမ်းလျှောက် ချီတက်ဖို့၊ အဲဒီနောက် ရန်ကုန်အထိ ကားတွေနဲ့ သမဂ္ဂအလံ ထောင်၊ သီချင်းဖွင့်သွားရောက်ဖို့နဲ့ ရွှေတိဂုံ ဒါမှမဟုတ် သမဂ္ဂရင်ပြင်မှာ အခမ်းအနား ပြုလုပ်ပြီး လူစုခွဲဖို့ စတာတွေ ပါဝင်ပါတယ်။ ကျောင်းသားတွေတောင်းဆိုချက် ၈ချက်ထဲက သာယာဝတီအထိ လမ်းလျောက်ဖို့ ကိစ္စကိုတော့ အာဏာပိုင်တွေက ခွင့်ပြုခြင်းမရှိဘဲ လတ်တလော  ထွက်ခွာမယ့်ပုံစံနဲ့ပတ်သက်ပြီး အသေးစိတ် ဆက်လက်ညှိနှိုင်းနေဆဲဖြစ်ပါတယ်။ လောလောဆယ် ပဲခူးတိုင်း နယ်လုံဝန်ကြီးက ကျောင်းသားတွေကို ၄ ယောက်တတွဲထွက်ပြီး ထွက်ခွာခွင့်ပေးတယ်လို့ သွားရောက် ညှိနှိုင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောပါတယ်။ နယ်လုံက သပိတ်ပုံစံ စစ်ကြောင်းချီတဲ့ ပုံစံမဟုတ်ပဲနဲ့ သုံးလေးယောက် အုပ်စုငယ်လေးတွေ ပုံစံနဲ့ ထွက်မယ်ဆိုရင် သူက ခွင့်ပြုပေးမယ်ပြောတယ်။ ခလေးတွေက သပိတ်ပုံစံ မဟုတ်ရင် လက်မခံဘူးလို့ ပြန်ပြောတယ်။ နယ်လုံက ဒါက ညှိတာပါ၊ အတိုးအလျော့ရှိပါတယ်လို့ ပြောပါတယ်။

ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း ၀န်းရံသဃာတော် ဦးဥတ္တမ ကတော့  “ဒီအခက်အခဲကြီးကို ကျော်လွန်သွားတာ ကလေးတွေအတွက်လည်း ကောင်းတယ်။ နိုင်ငံအတွက်လည်း ကောင်းတယ်။ ပြည်သူလူထုအတွက်လည်း ကောင်းတယ်။ ၁၀ တန်း စာမေးပွဲဖြေရတော့မှာ ဖြစ်တဲ့အတွက်ကြောင့် ကလေးတွေလည်း ပျော်ပျော်ရွှင်ရွှင်ပေါ့ တနိုင်ငံလုံး ပျော်ရွှင်တဲ့ ၀မ်းသာစရာ ကြည်နူးစရာ အဖြစ်အပျက်တခုလို့ သတ်မှတ်လို့ ရတာပေါ့။ အားလုံးဝိုင်းဝန်းပြီးတော့ စေ့စပ်ဖြေရှင်းညှိနှိုင်းနည်းနဲ့ ဒါအဆင်ပြေတာပေါ့”လို့မိန့်ပါတယ်။ ကျောင်းသား သပိတ်စစ်ကြောင်းဟာ  ရဲလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့ ခံနေရတာ သီတင်းတပတ်ကျော်ကြာနေပြီဖြစ်ပြီး  ဆယ်တန်းစာမေးပွဲတွေ မစတင်ခင် ဒီကနေ့ မတ်လ ၁၀ ရက်နေ့ မနက် ၁၀ နာရီ နောက်ဆုံးထား ဖြေရှင်းပေးဖို့ အရေးပေါ် ကြေညာချက် ထုတ်ပြန်တောင်းဆို ထားတာဖြစ်ပါတယ်။

[gallery ids="84940,84941,84942,84943,84944,84945,84946,84947,84948,84949,84950"]
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013